ရွှေ့ပြောင်းအလုပ်သမတဦး ကလေးမီးဖွားခံစားခွင့်(၂၈,၄၄၆) ဘတ်ရရှိ

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ မယ်သောင်ကျေးရွာအတွင်းရှိ စက်ရုံတစ်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားအမျိုးသမီးတစ်ဦးရဲ့ ကလေးမီးဖွားခံစားခွင့် ( ၂၈,၄၄၆ )ဘတ်ကို ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၂၄ ရက်နေ့က ပကန်စံခွန်း( လူမှုဖူလုံရေးရုံး) တွင် သွားရောက်ထုတ်ယူပေးနိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အဆိုပါအလုပ်သမားအမျိုးသမီး တစ်ဦး ကလေးမွေးစားရင်းထုတ်ရန်နှင့် ကလေးမီးဖွားခွင့်ရရှိရန် စက်ရုံက တာဝန်ယူဆောင်ရွက်ပေးမှုမရှိတဲ့အတွက် ရောင်ခြည်ဦး အလုပ်သမားများရုံးကို လာရောက်တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနတာဝန်ခံက ဥပဒေကြောင်းအရ ဆွေးနွေးပြီး LLC ( Labor Law Clinic ) မှတဆင့်ချိတ်ဆက်၍ ကလေးမွေးစာရင်းထုတ်ယူနိုင်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများပြင်ဆင်ပြီး မဲဆောက်အမ်ဖို ( မြို့ပိုင်ရုံး) တွင် ကလေးမွေးစာရင်းထုတ်ယူပေးနိုင်ခဲ့ပြီး ကလေးမီးဖွားခံစားခွင့်အတွက်ကို ပကန်စံခွန်း( လူမှုဖူလုံရေး ရုံး) တွင် သွားရောက်တောင်းဆိုခဲ့ရာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ဥပဒေပါအတိုင်း ကလေးမွေးဖွားစရိတ်နှင့် ၄၅ ရက်စာ လုပ်အားခခံစားခွင့် စုစုပေါင်း ဘတ်ငွေ( ၂၈,၄၄၆) ကို ထုတ်ယူပေးနိုင်ခဲ့ပါတယ်။

စက်ရုံကပေးဆောင်ရမည့် ၄၅ ရက်စာ လုပ်အားခခံစားခွင့်ကိုရရှိဖို့အတွက်လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာနတာဝန်ခံက ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

Website – https://ycowaburmese.org/

#YaungChiOoWorkersAssociation

#LegalAid

☎ – (+66) 0834117870

Viber – (+66) 0869382757

About the author

Pyea Phyo Kyaw