အလုပ်သမား အစုအဖွဲ့နှင့် သမဂ္ဂ လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းပြုလုပ်

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မဲဆောက်ဒေသတွင်း အထည်ချုပ်စက်ရုံ အလုပ်သမားများ အပါအဝင် လုပ်ငန်းခွင်အသီးသီးမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် အလုပ်သမား အစုအဖွဲ့နှင့် သမဂ္ဂ လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းတရပ်ကို မတ်လ ၂၄ ရက်နေ့က ရောင်ခြည်ဦး အလုပ်သမားသင်တန်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါသင်တန်းကို သင်တန်းသူ သင်တန်းသား မြန်မာအလုပ်သမား ၁၉ ဦးတက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းတွင်းဆွေးနွေးရာမှာ ယနေ့ခေတ် ကာလအထိ အလုပ်သမားထုဟာ ကုန်ထုတ်လုပ်မှုရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်းနဲ့ အဲလိုအရေးပါတဲ့ အလုပ်သမားတွေအတွက် သွေးစည်းညီညွှတ်တဲ့ အစုအဖွဲ့တွေ ဘာကြောင့်လိုအပ်နေသလဲ၊ ဘယ်လို စုဖွဲ့မှုမျိုးတွေလုပ်ဆောင်နိုင်သလဲ၊ လူထုအလွှာအသီးသီးရဲ့ တူညီတဲ့အလွှာ အလိုက် သမဂ္ဂတွေ ဘာကြောင့်ပေါ်ပေါက်ခဲ့တာလဲ၊ သမဂ္ဂဆိုတာ ညီညွှတ်ပေါင်းစည်းခြင်း (သို့) အဖွဲ့အစည်းလို့ အဓိပ္ပါယ်ရကြောင်းနဲ့ စည်းလုံးညီညွှတ်မှုနဲ့အောင်မြင်မှုရအောင် ဘယ်လို လုပ်ဟန်တွေ လုပ်ငန်းစဉ်တွေကို ချမှတ်လုပ်ဆောင်နိုင်သလဲဆိုတာတွေနဲ့ပတ်သက်လို့ ထိုင်း အလုပ်သမား သမဂ္ဂအဖွဲ့နဲ့ ရောင်ခြည်ဦး သင်တန်း Team တာဝန်ရှိသူတွေက ဆွေးနွေးပို့ချ ခဲ့တာဖြစ်ပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ လုပ်အားခ၊ အလုပ်ချိန်၊ အချိန်ပိုကြေး၊ ကျန်းမာရေးခွင့် ရှောင်တ ခင်ခွင့် အပါအဝင် ထိုင်းအလုပ်သမားဥပဒေပါ အလုပ်သမားအခွင့်အရေးတွေသာမက တရားဝင်အလုပ် သမား အထောက်အထားကိစ္စရပ်၊ လူမှုဖူလုံရေးခံစားခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးနဲ့ လုပ်ငန်းခွင်အာမခံချက် တွေကိုပါ ချိုးဖေါက်ခံနေရတာဖြစ်လို့ အလုပ်သမးအခွင့်အရေးတွေ ရရှိအောင်၊ ထပ်မံ ချိုးဖေါက် မခံရအောင် သွေးစည်းညီညွှတ်တဲ့ အလုပ်သမားအစုအဖွဲ့ ဖွဲ့စည်းဖိုး လိုအပ်တယ်လို့ သင်တန်းကို တက်ရောက် လာတဲ့ အလုပ်သမားတွေကပြောပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာ ရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ သိသင့်သိထိုက်တဲ့ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေးသင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနဲ့ မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

☎ – (+66) 0869382757
Viber �� (+66) 0869382757


About the author

Pyea Phyo Kyaw