ဆောက်လုပ်ရေးအလုပ်သမားများ လုပ်အားခပြန်လည်ရရှိ

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တလနီးပါးကြာ လုပ်အားခမရရှိခဲ့တဲ့  မြန်မာအလုပ်သမား ၁၀ ဦးစာအတွက် လုပ်အားခ ထိုင်းဘတ်ငွေ ၅၀,၀၀၀ ဒီကနေ့ နေ့လည် ပိုင်းမှာ ပြန်လည်ရရှိခဲ့ပါတယ်။

“ဒီကနေ့ မနက်ပိုင်းမှာ ဆဝါဒီကန်ရုံး ( အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး)မှာ အလုပ်ရှင်ရော အလုပ်သမားတွေရော နှစ်ဖက် ညှိနှိုင်းစကားပြောပြီး ပထမအကြိမ်အနေနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခ ဘတ်ငွေ ၅၀,၀၀၀ ကို လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို ပေးချေခဲ့တာဖြစ်ပါတယ် နောက်တကြိမ် ၅လပိုင်းထဲမှ ကျန်တဲ့ လုပ်အားခ ဘတ်ငွေ သုံးသောင်းနီးပါး ထပ်ပေးဖို့ သဘောတူညီ ထားပါတယ်” လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးရာဌာန တာဝန်ခံက ပြောပါတယ်။

တလနီးပါးကြာ လုပ်အားခမရခဲ့တဲ့ မြန်မာအလုပ်သမားတွေဟာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ရုံးကို ယခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ လာရောက်ပြီး အလုပ်ရှင်ဘက်က လုပ်အားခ မပေးတဲ့အကြောင်းလာရောက်တိုင်ကြားခဲ့ပါတယ်။ ရောင်ခြည်ဦးမှတစ်ဆင့် LLC( labor Law Clinic) ကိုချိတ်ဆက်တိုင်ကြားပေးခဲ့ပြီး ထိုမှတစ်ဆင့် ဆဝါဒီကန်ရုံးကို ဆက်လက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

လာရောက်တိုင်ကြားစဉ်တွင် အလုပ်သမား ၁၅ ဦးရှိခဲ့ပြီး ဒီကနေ့ လုပ်အားခထုတ်ယူချိန်တွင် ၁၀ ဦးသာထုတ် ယူပြီး ကျန် ၅ ဦးမှာ အကြောင်းကြောင်းကြောင့် လာရောက်မထုတ်ယူနိုင်သေးကြောင်းသိရှိရပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

Website – https://ycowaburmese.org/

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber – (+66) 0869382757

About the author

Pyea Phyo Kyaw