‘ဆုတောင်းကြသူများ’ – ခွန်းဆက် (ကဗျာ)

တစ်ဘဝလုံးစာ မျက်ရည်တွေကို

ခင်းကျင်းပြနေတာ မဟုတ်ဘူး

သူတို့ ဆုတောင်းနေကြတာ

ဒိုင်းကာ နံပါတ်ဒုတ်နဲ့ ရဲသားတွေရှေ့မှာ

ငိုယိုရှိခိုးပြီး ဆုတောင်းတယ်…

သူတို့အိမ်ကလေးကို မဖျက်ဆီးကြဖို့…။

ဆုတောင်းတယ်

သူတို့ဝပ်ကျင်းအတွက်

သူတို့ယာမြေမှာ

နေထိုင်ခွင့်ရဖို့ လုပ်ပိုင်ခွင့်ရဖို့

ဒီယာမြေလေးကို မသိမ်းယူကြဖို့…

သူတို့ဆုတောင်းတယ်။

“ဒါတို့မြေ – ဒါတို့ပြည် – တို့ပိုင်တဲ့မြေ”

သူတို့ အာခေါင်ခြစ်ကုပ်တဲ့အထိ

အသံကုန်ဟစ်ကြွေး…

ရင်ထဲမှာ မျက်ရည်တေးတွေနဲ့။

တောက်ခေါက်သံပျင်းပျင်းဟာ

ရင်ထဲအထိ အက်ကွဲ

သူတို့တွေက

အိမ်တွေ ယာတွေ မြေတွေ တင်မဟုတ်ဘူး

ဘဝတစ်ခုလုံးကို သိမ်းယူပစ်လိုက်ကြတာ။

ဂုဏ်သိက္ခာအဆုံးစွန်ထိ

သူတို့ ရှိခိုးဆုတောင်းခဲ့တာပဲလေ…

ဒါပေမယ့်

သူတို့ပြန်ရလိုက်တာက

လုံ…ခြုံ…မှု ကင်း…မဲ့…တဲ့

ခြောက်အိပ်မက်တွေ။

ခွန်းဆက်

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလထုတ် ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ်မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#ရောင်ခြည်ဦး_ကဗျာကဏ္ဍ

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

May be an image of fire and text that says "C DA Slace-1999 ဆုတောင်းကြသူများ ခွန်းဆက် တစ်ဘဝလုံးစာ မျက်ရည်တွေကို ခင်းကျင်းပြနေတာ မဟုတ်ဘူး သူတို့ ဆုတောင်းနေကြတာ ဒိုင်းကာ နံပါတ်ဒုတ်နဲ့ ရဲသားတွေရှေ့မှာ ငိုယိုရှိခိုးပြီး ဆုတောင်းတယ်. သူတို့အိမ်ကလေးကို မဖျက်ဆီးကြဖို့...။ ဆုတောင်းတယ် သူတို့ဝပ်ကျင်းအတွက် သူတို့ယာမြေမှာ နေထိုင်ခွင့်ရဖို့ လုပ်ပိုင်ခွင့်ရဖို့ ဒီယာမြေလေးကို မသိမ်းယူကြဖို့.. သူတို့ဆုတောင်းတယ်။ "ဒါတို့မြေ ဒါတို့ပြည် တို့ပိုင်တဲ့မြေ" သူတို့ အာခေါင်ခြစ်ကုပ်တဲ့အထိ အသံကုန်ဟစ်ကြွေး... ရင်ထဲမှာ မျက်ရည်တေးတွေနဲ့။ တောက်ခေါက်သံပျင်းပျင်းဟာ ရင်ထဲအထိ အက်ကွဲ သူတို့တွေက အိမ်တွေ ယာတွေ မြေတွေ တင်မဟုတ်ဘူး ဘဝတစ်ခုလုံးကို သိမ်းယူပစ်လိုက်ကြတာ။ ဂုဏ်သိက္ခာအဆုံးစွန်ထိ သူတို့ ရှိခိုးဆုတောင်းခဲ့တာပဲလေ. ဒါပေမယ့် သူတို့ပြန်ရလိုက်တာက လုံ..ခြုံ့.မှုကင်.......တဲ့ ခြောက်အိပ်မက်တွေ။"

About the author

Eve Zin