လတ်တလော လေးကေ့ကော်မြို့သစ်အနီး မြန်မာဘက်ကမ်း သောင်ရင်းမြစ် ကမ်းနားသောင်ပြင်တွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် တဲနဲ့ နေရာထိုင်ခင်း လှူဒါန်းဖို့အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ က တာလဘတ် အမိုးတွေ ပြင်ဆင်နေပါတယ်။
မနေ့ညက ဖလူးလေး စစ်ဘေးရှောင် ၂၂၄ ဦး ထိုင်းဘက်ကမ်းထပ်မံ ဝင်ရောက်လာပါတယ်။ ဖလူးကြီး၊ မင်းလက်ပံ စတဲ့ မြန်မာဘက် ကမ်းနားသောင်ပြင်တွေမှာ နေကြတဲ့ စစ်ဘေးရှောင်တွေကတော့ ထိုင်းဘက်ခြမ်းကို ကူးခွင့်မရှိသေးပါဘူး။ သောင်ရင်းမြစ်ကမ်းနား ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းစစ်တပ်နဲ့ ထိုင်းနယ်ခြားစောင့် စစ်သားတွေ စောင့်ကျပ်နေပါတယ်။
မြန်မာဘက်ခြမ်း လေးကေ့ကော်မြို့သစ်အနီးက သောင်ရင်းမြစ်ကမ်းနား သောင်ပြင်တလျှောက်မှာ တဲထိုးပြီး နေထိုင်ကြတဲ့ စစ်ဘေးရှောင် ၂၀၀၀ နီးပါးလောက်ရှိလာပါပြီ။