ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်သောင်မိုင်ရပ်ကွက်ရှိ PA စက်ရုံအလုပ်သမားများ နစ်နာကြေးငွေ ဘတ်(၁,၁၈၆,၄၀၉.၅၇ သန်း)ရရှိ

ရောင်ခြည်ဦး (၉ ဧပြီလ ၂၀၂၂)

(၂၀၁၇) ခုနှစ်မှာ နစ်နာကြေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ အမှုတစ်ခု ဖြစ်ပြီး YCOWA /AWO /MAP Foundation /HRDF/LLC အဖွဲ့တို့မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ရာ အလုပ်ရှင်နှစ်ဦးအနက် တစ်ဦးထံမှ (၂၀၁၈) ခုနှစ်တွင် ပထမအကြိမ် နစ်နာကြေး အလုပ်သမား (၁၁၅) ဦး အတွက် ဘတ်(၈)သန်းကျော် ထုတ်ယူပေးနိုင်ခဲ့သောအမှုဖြစ်ပါတယ်။ ထပ်မံပြီး ဆက်လက်အမှုရင်ဆိုင်ခဲ့ကြတဲ့နောက် အလုပ်ရှင်ပိုင်ဆိုင်မှုမြေ သိမ်းဆည်း၍ လေလံတင်ရောင်းချရာမှ (၈.၄.၂၀၂၂)တွင် ဒုတိယအကြိမ် နစ်နာကြေး ဘတ် (၁)သန်းကျော်ကို မဲဆောက် ဆဝါဒီကန်ရုံးတွင် YCOWA /AWO /MAP Foundation /HRDF/LLC အဖွဲ့တို့မှ အလုပ်သမားများနှင့်အတူ သွားရောက်ထုတ်ယူပေးနိုင်ခဲ့ပါတယ်။ အမှုအောင်မြင်တဲ့အထိ ဇွဲမလျှော့ပဲအဆုံးထိတိုက်ပွဲဝင်ခဲ့ကြသော မဲဆောက်(PA)အလုပ်သမား(၁၁၅)ဦး၏ စံပြအမှုတစ်ခုဖြစ်ပြီး နစ်နာကြေးငွေ စုစုပေါင်း ဘတ် (၉)သန်းကျော်ရရှိခဲ့သည့်အမှုလည်းဖြစ်ပါတယ်။ရောင်ခြည်ဦးအလုပ်သမားများ အဖွဲ့အနေနဲ့လဲ အမှုဖြစ်စဉ် အစမှအဆုံးတိုင် ကူညီပေးခွင့်ရခဲ့ပီး အခြားသောကူညီပေးခဲ့ကြတဲ့ ရှေ့နေရုံး /အဖွဲ့အစည်းများ နှင့်တကွ အလုပ်သမားများ အားလုံး ကိုလဲကျေးဇူးတင်ပါတယ်။ အခက်အခဲ တွေကြားကနေ အောင်မြင်မှုရရှိခဲ့သော အလုပ်သမားများအတွက် အားလုံး ကိုယ်စား ဝမ်းသာ ဂုဏ်ယူရပါတယ်။ မိမိအခွင့်အရေးတွက် တိုက်ပွဲဝင်နေကြသော အခြားဘဝတူ အလုပ်သမား တွေအားလုံး လဲ အမြန်ဆုံး အောင်မြင်မှုရရှိနိုင်ပါစေကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဆုတောင်းပေးနေပါတယ်။

About the author

Pyea Phyo Kyaw