စစ်ဘေးရှောင်များ ထိုင်းဖက်ခြမ်းသို့ ထပ်မံရောက်ရှိ

ရောင်ခြည်ဦး ၂၅ ဒီဇင်ဘာ ၂၀၂၁

ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စကစ ဘက်က ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ထီးမယ်ဝါးခီး ကျေးရွာကို စစ်ရဟတ်ယာဉ်၄ စင်းနဲ့ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသတွင်း စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်ဖို့ ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ်ဖြတ်ကူးပြီး စစ်ဘေးရှောင် ၇၀၀ ကျော် ထပ်မံရောက်ရှိလာတယ်လို့သိရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ဝန်းကျင်မှာ စကစ တပ်နဲ့ ကေအဲန်ယူတပ်ဖွဲ့တွေအကြား ဒီဇင်လာလ ဒုတိယပတ်ကစလို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဒီဇင်ဘာလ ၂၄ရက်နေ့ညပိုင်းနဲ့ ၂၅ ရက်နေ့တွေမှာတော့ စကစဘက်ကလေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့တိုက်ခိုက်နေတာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲတာတွေလည်းရှိကြောင်းသိရပါတယ်။

About the author

Ko Zan