ရောင်ခြည်ဦး၊ ၂၈ ရက် ဒီဇင်ဘာလ ၂၀၂၀ (ထိုင်းစံတော်ချိန် နေ့လည် ၁၂ နာရီ ၃၀ မိနစ်)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်သောင် မှာရှိတဲ့ ကလျာနီ စက်ရုံအလုပ်သမားများက အလုပ်ပိတ်သိမ်း သွားလို့ အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ( Royal Kitting . Co,ltd) ရန်မကင်း အလုပ် သမားများထဲမှ အလုပ်သမား (၁၀၀)ဦးအတွက် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဆန်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ကလျာနီစက်ရုံက အလုပ်အကိုင်အခက်ခဲဖြစ်နေတဲ့ ရန်မကင်းစက်ရုံက ဘဝတူ အလုပ်သမား (၁၀၀)ဦးအတွက် ဆန်အလှူကို ရန်မကင်းစက်ရုံ ကိုယ်စားလှယ်တွေထံ ဒီဇင်ဘာလ (၂၇)ရက်နေ့က လှူဒါန်းပေးခဲ့တာဖြစ် ပါတယ်။
ဘဝတူအလုပ်သမားတွေကို ဆန်လှူဒါန်းမှုပြုခဲ့တဲ့ ကလျာနီစက်ရုံကို ထိုင်းအစိုးရ တာဝန်ရှိတဲ့အဖွဲ့က ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ ဝင်ရောက် စစ်ဆေးတဲ့အခါမှာ လုပ်ငန်းရှင်ဘက်က ထိုင်းဥပဒေအတိုင်း လုပ်အားခ မပေးနိုင်တဲ့အတွက် စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်သမား တွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုခဲ့တာကြောင့် ဘတ်ပြန်ကြေး ၃သန်းကျော် ပြန်လည်ရရှိခဲ့ တဲ့စက်ရုံဖြစ် ပါတယ်။
အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ တောင်းဆိုခဲ့လို့ အောင်မြင်မှုရခဲ့တဲ့ ကလျာနီစက်ရုံ အလုပ်သမားတွေက အလားတူ ၂၀၂၀ခုနှစ် ဧပြီလမှ စက်ရုံပိတ်သိမ်းခံလိုက်ရလို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ကို တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ရန်မကင်းစက်ရုံ (Royal Kitting . Co,ltd) အလုပ်သမားတွေထဲက အလုပ်အကိုင် အခက်အခဲတွေ့နေတဲ့ ဘဝတူ အလုပ်သမား (၁၀၀)ဦးအတွက် အလုပ်သမားတစ်ဦးကို ဆန် (၅) ကီလိုဆီ လှူဒါန်း ကူညီခဲ့တာဖြစ်ပါတယ်။
ဘဝတူ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီမှု အလှူ ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ ရခိုင်အလုပ် သမားများအဖွဲ့ ( AWO ) ၊ LLC ၊ MAP နှင့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကိုလည်း ရန်မကင်းအလုပ်သမားများကိုယ်စား YCOWA Media Team က အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း တင်အပ်ပါတယ်။