ရောင်ခြည်ဦး ၂၅ ဒီဇင်ဘာ ၂၀၂၁
သောင်ရင်းမြစ်တဖက်ကမ်း မြန်မာဖက်ခြမ်းမှာ စစ်ဘေးရှောင် ပြည်သူ ထောင်ချီ ရောက်ရှိနေကြပြီး နေပူဒါဏ်နှင့် နှင်းဒါဏ်ခံနိုင်စေရန်အတွက် ယနေ့ မိုးကာတဲများဆောက်လုပ်ရန်အတွက် မိုးကာစးနှင့် ယာယီတဲပြုလုပ်ရန်ကြိုး ၅၀ကို အရေးပေါ်လိုအပ်သည့်နေရာများသို့ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။ မနက်ဖြန်တွင်လည်းကျန်ရှိမိုးကာတဲများကို ထပ်မံလှူဒါန်းသွားမည်ဖြစ်ပါသည်။
မိုးကာတဲအတွက် ပါဝင်လှူဒါန်းပေးကြသော သြစတေးလျနိုင်ငံနေ Ko John & Ma Phyuနှင့် စေတနာရှင်အလှူရှင်အဖွဲ့အား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။