ဒီဇင်ဘာလ ၃၀.၂၀၂၁ ရက်နေ့
မြန်မာရွှေ့ပြောင်းအလုပ်သမားများစုပေါင်းပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် ကမ်းနားတလျောက် မြန်မာဘက် ခြမ်းမှာခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းတဲ့ အသင့်စား ထမင်းဗူး (၃၆၀)ကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က သယ်ယူပို့ဆောင် လှူဒါန်းပေးခဲ့ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က သယ်ယူပို့ဆောင်လှူဒါန်းပေးခဲ့တဲ့ အသင့်စား ထမင်းဗူးအလှူရှင်များ ကတော့ ချန်ပီယံစက်ရုံ အလုပ်သမားများက (၁၂၀)ဗူးနဲ့ အဝတ်အထည် ပီနံအိတ် (၄)အိတ်၊ မယ်ကုစက်ရုံအလုပ် သမားများက (၁၂၀)ဗူး၊ ကိုရဲသိန်း + မချို စိုက်ပျိုးရေးမိသားစုတို့က ထမင်းဗူး (၁၂၀) ကို မြန်မာစစ်ဘေးရှောင် ပြည်သူများအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မဲဆောက်ဒေသတွင်းက ထမင်းနဲ့ စားနပ်ရိက္ခာအလှူရှင်များရဲ့ စေတနာ သဒ္ဒါတရားကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး မြန်မာဘက်ခြမ်း ကမ်းနားတလျောက်က စစ်ဘေးရှောင်တွေအနေနဲ့ ဒီဇင်ဘာလ (၃၀)ရက်နေ့အတွက် မနက်နဲ့ ညစာ ထမင်း ပြည့်စုံနေပြီလို့သိရပြီး ကျောက်ခတ်ဒေသတွင်းက စစ်ဘေးရှောင်တွေအတွက်တော့ စားနပ်ရိက္ခာလိုအပ်မှုရှိနေကြောင်းလည်းသိရပါတယ်။