လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးနှင့် ထိုင်းအလုပ်သမားမူဝါဒဆိုင်ရာ သင်တန်းပြုလုပ်

ရောင်ခြည်ဦး – ၂၀ အောက်တိုဘာ ၂၀၂၂

ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားများအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး၊ အလုပ်သမားမူဝါဒဆိုင်ရာ သင်တန်းတရပ်ကို အောက်တိုဘာလ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ (၂)ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါသင်တန်းကို အမျိုးသမီး (၁၁)ဦးနဲ့ အမျိုးသား (၄)ဦး အထိတက်ရောက်ခဲ့တာဖြစ်ပါတယ်။

သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်နဲ့ပတ်သက်လို့ “ ကျနော်တို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့အနေနဲ့ အခုလက်ရှိ မဲဆောက်ဒေသတွင်း အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးနဲ့ ရွှေ့ပြောင်းရောက်ရှိလာတဲ့သူတွေနဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ထိုင်းဥပဒေနဲ့ ပေါ်လစီတွေ၊ တရားဝင်မှုအတွက် အထောက်အထားလက်မှတ်အမျိုးမျိုးအကြောင်းနဲ့ အလုပ်သမားလက်မှတ်တွေလုပ်ရပြီး၊ ဒေသခံတွေနဲ့ အသစ်ဝင်ရောက်လာတဲ့ မြန်မာတွေကြား ယဉ်ကျေးမှုဓလေ့ထုံစံတွေနဲ့အညီ အသားတကျ ကျနော်တို့မြန်မာနိုင်ငံသားတွေ အဆင်ပြေပြေနေထိုင်နိုင်ဖို့အတွက်ပါ” သင်တန်းပြုလုပ်တာဖြစ်ကြောင်း သင်တန်းဆရာကပြောပါတယ်။

သင်တန်းကိုတက်ရောက်လာတဲ့ သင်တန်းသားတွေအနေနဲ့ သင်ခန်းစာပါအကြောင်းအချက်တွေအပြင် အခြားသိလိုတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာများကိုလည်း သင်တန်းဆရာတွေနဲ့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan