အခြေခံစက်ချုပ်သင်တန်းပြုလုပ်

ရောင်ခြည်ဦး ၁၁.၁၀.၂၀၂၂

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မဲဆောက် ဒေသတွင်းက အထည်ချုပ်စက်ရုံလုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်လိုသည့်သူများအတွက် အခြေခံ မော်တာ စက်ချုပ်သင်တန်းကို ဒီကနေ့(၁၁.၁၀.၂၀၂၂)ရက်နေ့ မနက်ပိုင်းကစပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

အဆိုပါ သင်တန်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဝင် အထည်ချုပ်စက်ရုံလုပ်ငန်းအတွေ့အကြုံရှိသူ ဆရာမက ဦးဆောင်သင်ကြားပေးနေတာဖြစ်ပြီး သင်တန်းသူ သင်တန်းသား (၁၈)ဦး တက်ရောက်သင်ကြားနေပါတယ်။ သင်တန်းကာလ (၆)ရက်ကြာမြင့်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်းကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အထည်ချုပ် စက်ရုံလုပ်ငန်းခွင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်တဲ့အခါ အဆင်ပြေစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ရည်ရွည်ပြီး အခြေခံ မော်တာ စက်ချုပ်သင်တန်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမာများအဖွဲ့အနေနဲ့ ဒေသတွင်း မြန်မာအလုပ်သမားတွေအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနဲ့ လိင်ကွဲပြားမှုအခြေပြု သင်တန်း၊ အလုပ်သမားသမဂ္ဂပညာရေးသင်တန်းနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ထိုင်းအလုပ်သမားဥပဒေနဲ့ မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan