ရောင်ခြည်ဦး ၄ ဖေဖော်ဝါရီ ၂၀၂၂
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ ပြန်လည်ခိုလှုံလာတဲ့ လေးကေ့ကော်ဒေသ စစ်ရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် သောက်ရေသန့်ဗူးအပါအဝင် ဆေးဝါးနဲ့ အသင့်စား ဘာလချောင်ကြော်များကို ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီတောင်ဘက်မှာရှိတဲ့ လေးကေ့ကော်ဒေသတွင်း စကစ တပ်ဖွဲ့တွေနဲ့ ကေအဲန်ယူ တပ်ဖွဲ့ တွေအကြား ၂၀၂၂ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း စစ်ရေးပြန်လည်တင်းမာလာလို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။
သောင်ရင်းမြစ်ဘေး ကမ်းနားတလျောက်က အကော့ဂိတ်၊ ကော့မနောင် အသိန်းဂိတ်နဲ့ ကော့မနောင် ကြံခင်းဂိတ်တွေမှာ ခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရောင်ခြည်ဦးအဖွဲ့က အသင့်စား ဘာလချောင်ကြော် ဗူး (၆၀၀)၊ သောက်ရေသန့် (၁၂)ဗူးပါ ကဒ် (၆၀)အပါအဝင် ဆေးဝါးပစ္စည်းတွေကို ပေးပို့လှုဒါန်းခဲ့တာဖြစ်ပါတယ်။
ကရင်ပြည်နယ် ကေအဲန်ယူတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသတွင်းက နေအိမ်တွေကို လက်နက်ကိုင် စကစတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စစ်ဆေးဖမ်းဆီးပြီး သေနတ်ပစ်ဖေါက်တာတွေ ပြုလုပ်ခဲ့ရာက နှစ်ဖက်တပ်ဖွဲ့တွေအကြား ဒီဇင်ဘာလ ၁၅ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလို တိုက်ပွဲတွေကြောင့် လေးကေ့ကော်၊ ရသေ့ဂူ၊ ဖလူး၊ မင်းလက်ပံ၊ ထီမယ်ဝါးခီးစတဲ့ ဒေသတွေကပြည်သူတွေ ထောင်နဲ့ချီပြီး စစ်ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းအထိ ရှောင်တိမ်းခိုလှုံခဲ့ကြရပါတယ်။
YCOWA donated food and medical supplies for the Myanmar war refugees
Yaung Chi Oo – 4th February, 2022
Yaung Chi Oo Workers’ Association donated fried Balachaung boxes, purified drinking water bottles and medical supplies for more than 1,000 refugees who are fleeing from Lay Kay Kaw region and taking shelter at the riversides of the Thaung Yin River.
In the third week of January, 2022, as the tension between KNU and military council forces heightened at Lay Kay Kaw region at the south of Myawaddy in Kayin State, the residents had to flee from Lay Kay Kaw region again.
Yaung Chi Oo Workers’ Association donated 600 boxes of fried Balachaung, 720 bottles of purified drinking water and medical supplies to the temporary refugee camps along the bank of the Thaung Yin River such as Ah Kot Gate, Kot Ma Naung Gate, Ah Thein Gate and Kyan Khin Gate.
Since December 15, 2021, there have been series of clashes between Myanmar military council and KNU forces as the military council forces raided and arrested the residents in Lay Kay Kaw which is controlled by KNU Brigade 6. Due to the clashes, the residents from Lay Kay Kaw, Ya Thae Gu, Phalu, Min Lat Pan and Htee Mae Wah Khee had to flee and take refuge at the riversides of the Thaung Yin River on both Myanmar and Thailand sides.
– (+66) 0869382757
Viber (+66) 0869382757