ရောင်ခြည်ဦး – ၃ ဇန်နဝါရီလ၊ ၂၀၂၂။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က သောင်ရင်းမြစ်ဘေး မြန်မာဘက်ခြမ်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်မြန်မာပြည်သားများအတွက် ဒီမနက်မှာ အသင့်စားထမင်ဗူး ၃၃၀၊ သောက်ရေသန့်ကဒ် ၆၀၊ မာမားခေါက်ဆွဲခြောက်ဖာ၂၀၊ မုန့်ဖာကြီးတဖာ၊ အဝတ်အစားများနဲ့ ပါရာစီတမော့ သုံးဗူး၊ ကိတ်မုန့်ဗူးများကို သယ်ယူပို့ဆောင် လှူဒါန်းပေးခဲ့ပါတယ်။
အသင့်စားထမင်ဗူး အလှူရှင်များကတော့ ချန်ပီယံစက်ရုံ အလုပ်သမားများက ထမင်းဗူး ၃၀၀၊ ကိုဉာဏ်ဆိုင် မြန်မာအလုပ်သမားများက မာမား၊ အဝတ်အထည်နဲ့မုန့်ဖာ၊ နော်ကီဖားကျေးရွာမှာနေထိုင်တဲ့ ထိုင်းနိုင်ငံသား စေတနာရှင်မိသားစုက ဆေး၊ ကိတ်မုန့်နဲ့ ထမင်းဗူး ၃၀ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
– (+66) 0869382757
Viber (+66) 0869382757
Yaung Chi Oo Workers’ Association provided the Myanmar refugees with medicine and food supplies
Yaung Chi Oo – 3rd January, 2022
This morning, Yaung Chi Oo Workers’ Association delivered 330 lunch boxes, 720 bottles of mineral water, 20 boxes of Mama instant noodles, one box of snacks, clothes, cakes and three bottles of paracetamol tablets to the Myanmar refugees who are taking shelter at the bank of Thaung Yin River on the Myanmar side.
The workers from Champion factory donated 300 lunch boxes, the workers from Ko Nyan Electronic Store donated Mama instant noodles, clothes and one box of snacks, and, a Thailand family in Nongingfa village donated medicine, cakes and 30 lunch boxes.
– (+66) 0869382757
Viber (+66) 0869382757