ရောင်ခြည်ဦး ၅ ဧပြီလ ၂၀၂၃
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး တောင်ယာအလုပ်သမား ၂၂ ဦးနှင့်အတူ စကားဝိုင်းကို မဲဆောက်မြို့အနီး၊ မယ့်ခိုကင်းကျေးရွာမှာ 3-4-2023 ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စကားဝိုင်းကို တောင်ယာလုပ်သား ၁၄ ဦး နဲ့ တောင်ယာအလုပ်သမ ၈ ဦးတက်ရောက်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ ကျန်းမာရေး၊ လူမှုဘဝ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းဆောင်ရွက်နေသလဲဆိုတာတွေကို ဆွေးနွေးဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။
တောင်ယာအလုပ်သမားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝကို သိရှိဖို့ ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာနှင့် ပတ်သက်ပြီး အသိပညာလုံလောက်မှုရှိမရှိ သိရှိဖို့၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရလျှင် အလုပ်ရှင်မှ ပံ့ပိုး ဆောင်ရွက်မှု ရှိမရှိကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနှင့် ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားဝိုင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးမှုတွေကတော့ အလုပ်သမားတွေရဲ့ လုပ်အားခ၊ အလုပ်ချိန်၊ စိုက်ပျိုးသီးနှံအမျိုးအစား၊ အသုံးပြုသည့် ဓာတ်မြေဩဇာ၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအတွက် အသုံးပြုသည့်အကာအကွယ်ပစ္စည်းကို အလုပ်ရှင်က ထောက်ပံ့ပေးမှု ရှိမရှိ၊ စတဲ့ ခေါင်းစဉ်များနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
– (+66) 0869382757
Viber �� (+66) 086938275