ရောင်ခြည်ဦး – အောက်တိုဘာ ၃၀၊ ၂၀၂၃။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မဲဆောက်ဒေသတွင်း မြန်မာအလုပ်သမားတွေနဲ့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးကို ထောက်ခံဝန်းရံကြောင်း မြတ်စွာဘုရားကို ရည်စူး၍ လက်သုံးချောင်းပုံပါ မီးပုံးတွေနဲ့ မီးထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ညမှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာ အာဏာသိမ်းခဲ့ပါတယ်။ အဲလို စစ်တပ်က အာဏာသိမ်းလိုက်တာ အောက်တိုဘာလ ၂၉ရက်နေ့မှာ ဆိုရင် ရက်ပေါင်း တစ်ထောင်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
တိုင်းတပါးကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာစစ်တပ်အာဏာသိမ်းမှု ရက်တစ်ထောင်ပြည့် အထိမ်းအမှတ်အနေနဲ့ လက်သုံးချောင်းပုံနဲ့ “တရားက နိုင်ပါစေ” စာတန်းပါ မီးပုံးတွေကို သူတို့နေထိုင်ရာ အလုပ်သမားတန်းလျားနဲ့ နေအိမ်တွေမှာ မီးထွန်းညှိပြီး တိုင်ပြည်အာဏာသိမ်းခဲ့တဲ့ မတရားတဲ့သူတွေကို ဆန့်ကျင်ကြောင်းနဲ့ နွေဦးတော်လှန်ရေးကို သွေးမအေးပဲ ဆက်လက် ထောက်ခံဝန်းရံနေကြောင်း ပြသလိုက်တာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757