ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းပြုလုပ်

ရောင်ခြည်ဦး၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မဲဆောက်ဒေသတွင်း လုပ်ငန်းခွင်အသီးသီးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေး သင်ခန်းစာတွေအပါအဝင် (၂)ရက်ကြာ ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းမြှင့်တင်တဲ့ သင်တန်းပြုလုပ်ခဲ့ပါတယ်။

အဆိုပါ သင်တန်းကို အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လမ်းလုပ်သား၊ ဟော်တယ်နဲ့ ကျပန်း အလုပ်သမား စုစုပေါင်း (၁၉)ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလ ၂၈ရက်နေ့က စတင်ခဲ့တဲ့ (၂)ရက်ကြာ သင်တန်းမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ စည်းရုံးရေး၊ အစုအဖွဲ့တည်ဆောက်ခြင်း၊ Community Leadership နဲ့ Gender concepts and GBV စတဲ့ သင်ခန်းစာတွေကို သင်ကြားခဲ့တာဖြစ်ပါတယ်။

“ ဒီ (၂)ရက်ကြာ သင်တန်းမှာ ကျမတို့ ကြားဖူးယုံလောက်ပဲ နားမလည်ခဲ့တဲ့ မွေးရာပါ ကျမတို့ရဲ့အခွင့် အရေးတွေ ထိုင်းအလုပ်သမားဥပဒေနဲ့ အလုပ်သမားအခွင့်အရေးတွေကို သင်ကြားလေ့လာရတော့ ကျမတို့ရဲ့ အခွင့်အရေးတွေ ဘာတွေ ချိုးဖေါက်ခံနေရသလဲ၊ ဘယ်လိုနည်းနဲ့ ကာကွယ်မလဲ၊ ပြန်ရအောင် ဘယ်လို အချက်အလက်တွေကိုင်ပြီး ပြောရမလဲဆိုတာ သိလာတယ်။ အရင်က မသိတော့ ကိုယ့်အလုပ်ရှင်လည်းကြောက်ရ မန်နေဂျာလည်း ကြောက်ရ။ အခုတော့ အလုပ်ရှင်ကို ကျမတို့ လင်မယား နှစ်ယောက်စလုံးအတွက် အလုပ်သမားလက်မှတ်လုပ်ပေးဖို့နဲ့ လုပ်အားခကိုလည်း ဘတ် ၃၀၀ အနည်းဆုံးပေးဖို့ မီးဖိုးနဲ့ရေဖိုးကိုလည်း အလုပ်ရှင်ကျခံပေးဖို့ သွားပြောလိုက်တာ အဆင်ပြေသွားတယ်။ ဒါကြောင့် အလုပ်သမားတွေ စုစုစည်းစည်းညီညွှတ်မှုအားနဲ့ စနစ်တကျ လုပ်ဆောင်ရင် အခွင့်အရေး ချိုးဖေါက်ခံရလို့ နစ်နာတာတွေအတွက် ပြန်လည်ခံစားခွင့်ရမယ်လို့ ယုံကြည်တယ်” လို့ သင်တန်းသူ အလုပ်သမက ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ ထိုင်း- မြန်မာ နယ်စပ်မှာ အခြေစိုက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားရေးအတွက် နှစ်ပေါင်း(၂၅) နီးပါးကြာ ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အလုပ်သမား အခွင့်အရေး ချိုးဖေါက်ခံရမှုနဲ့ အလုပ်သမားနစ်နာမှုတွေအတွက် ထိုင်းဥပဒေလမ်းကြောင်းကနေ လိုက်ပါဆောင်ရွက်နေသလို အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှုဆိုင်ရာသိကောင်းစရာ နဲ့ လတ်တလော မြန်မာနိုင်ငံရေးနဲ့ အလုပ်သမားတွေရဲ့ အ‌ခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးပြုလုပ်တဲ့ အလုပ်သမား စကားဝိုင်းတွေအပြင် အလုပ်သမား သင်တန်းတွေလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Thiha