၁၆ နှစ်ကြာ ရွှေ့ပြောင်းအလုပ်သမတဦး၏ ရင်ဖွင့်သံ

“မဲဆောက်ကိုရောက်တာကတော့ ၁၆ နှစ်လောက်ရှိပြီ။ ရောက်ကာစက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တယ်။ ယောက်ျားရပြီး ဗိုက်ကြီးတော့ စက်ရုံရဲ့စည်းကမ်းနဲ့ မကိုက်ညီလို့ အလုပ်ထွက်လိုက်ရတယ်။ တောင်ယာတဲမှာ နေတယ်။ တောင်ယာလုပ်ငန်းလည်း ရာသီတိုင်းမရှိတော့ ရာသီကုန်ရင် လုပ်စရာမရှိတော့ဘူး။ အဲဒီအချိန်တွေဆို ကန်စွန်းရွက်ခူးရောင်းရတယ်။ ကလေးမွေးခါနီးအချိန်ထိ ဗိုက်နာလျှက်သားနဲ့ စက်ဘီးစီးပြီး ဖောက်သည်ဆီ ကန်စွန်းရွက် သွားပို့ပေးရတယ်။ ယောက်ျားလုပ်စာတခုတည်းနဲ့ မိသားစု စားဝတ်နေရေး မဖူလုံတော့ ကျမလည်း နိုင်သလောက်လုပ်ပေးရတာပေါ့။ ဗိုက်အပ်တာတော့ ကျောင်းသားဆေးခန်းမှာ အပ်ပေမယ့် မွေးကာနီး ဆေးခန်းသွားဖို့ လမ်းစရိတ်မရှိလို့ အဲဒီတောင်ယာတဲမှာပဲ လက်သည်နဲ့ မွေးခဲ့ရတယ်။”

#ရောင်ခြည်ဦး_အလုပ်သမားများ၏ရင်ဖွင့်သံကဏ္ဍ

#MigrantWorkers

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin