အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က “အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းပါဝင်ပေး”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ၁၆ရက်တာ ဓာတ်ပုံကမ်ပိန်းတစ်ခုကို ပြုလုပ်နေပါတယ်။
ဓာတ်ပုံကမ်ပိန်းမှာ ပါဝင်လိုပါက
“အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ဟူသော စာသားကို စာရွက်တွင် ရေးသားကိုင်ဆွဲကာ ဓာတ်ပုံရိုက်၍ အောက်ပါ (#) များကို အသုံးပြုပြီး မိမိတို့၏ ကိုယ်ပိုင် Facebook account တွင် post တင်ခြင်း (သို့မဟုတ်) YCOWA-Yaung Chi Oo Workers’ Association page messenger သို့ ပေးပို့ခြင်းဖြင့် ပါဝင်နိုင်ပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ ကာလဟာ(နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၁၀) ရက်အတွင်း ဖြစ်တဲ့အတွက် အကြမ်းဖက်မှုများကို လက်မခံကြောင်း တစ်ကမ္ဘာလုံးကို ပြသနိုင်ရန် ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားကာ ဓာတ်ပုံကမ်ပိန်းမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757