အမျိုးသမီး ၃ဦးမှာ ၁ဦးဟာ အကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို နေ့စဉ် တွေ့ကြုံခံစားနေကြရပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်လေးတွေအပေါ် အကြမ်းဖက်မှုဟာ ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်အများဆုံး လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ Covid 19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု၊ စီးပွားရေးမတည်ငြိမ်မှုနဲ့ အမျိုးမျိုးသော ပဍိပက္ခတွေကြားမှာ အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ နေ့စဉ်နှင့်အမျှ ပိုမိုတိုးပွားလာလျှက် ရှိပါတယ်။
ဒီလိုအကြမ်းဖက်မှုဖြစ်ရပ်တွေကနေ ရုန်းထွက်လွတ်မြောက်လာသူတွေ ခွန်အားဖြစ်စေဖို့၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ လျော့နည်းပပျောက်စေဖို့၊ အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်ဖို့ စတဲ့ ရည်ရွယ်ချက်ကောင်း များစွာနဲ့ ဒီ ၁၆ရက်တာကာလအတွင်းမှာ အသိပညာပေးဆွေးနွေးပွဲတွေ၊ ချီတက်ပွဲတွေ၊ ကမ်ပိန်းတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်လေ့ရှိပါတယ်။
၂၀၂၃ ခုနှစ်အတွက် ၁၆ ရက်တာ လှုပ်ရှားမှုရဲ့ theme ကတော့ “UNITE! Invest to prevent violence against women and girls” ဖြစ်ပါတယ်။ ကျွန်မတို့ အလုပ်သမားအမျိုးသမီးတွေအနေနဲ့လည်း “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို လက်မခံပါဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ မရှိရအောင် အားလုံး ဝိုင်းဝန်းကာကွယ်ကြပါမယ်”ဆိုတာကို အများပြည်သူ သိစေနိုင်ဖို့အတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဓာတ်ပုံကမ်ပိန်းတစ်ခုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အလုပ်သမား ညီအစ်ကိုမောင်နှမများအနေနဲ့ ကျွန်မတို့နဲ့အတူ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ဓာတ်ပုံကမ်ပိန်းမှာ ပါဝင်လိုပါက Page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု သမိုင်းကြောင်းများကို လေ့လာလိုပါက အောက်ပါ link များကို နှိပ်၍ ဖတ်ရှုလေ့လာနိုင်ပါတယ်ရှင့်။
၁၆ရက်တာလှုပ်ရှားမှု သမိုင်းကြောင်း
နိုဝင်ဘာလ ၂၅ ရက် – အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့
နိုဝင်ဘာလ ၂၉ ရက် – အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနေ့
ဒီဇင်ဘာလ ၁ ရက် – ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့
ဒီဇင်ဘာလ ၃ ရက် – အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့
ဒီဇင်ဘာလ ၆ ရက် – မွန်ထရီမြို့ လူသတ်ပွဲ နှစ်ပတ်လည်နေ့
ဒီဇင်ဘာ ၁၀ – ကမ္ဘာ့လူ့အခွင့်အရေးနေ့ သမိုင်းကြောင်း
ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားကိစ္စရပ်များနှင့်ပတ်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
– (+66) 0869382757
Viber – (+66) 0869382757