အခြေခံ ထိုင်း စကားပြောသင်တန်းပြုလုပ်

ရောင်ခြည်ဦး၊ ၁၀ နိုဝင်ဘာလ ၂၀၂၂ ခုနှစ်

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကို ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား များအတွက် အခြေခံ ထိုင်းဘာသာစကားပြောသင်တန်းကို နိုဝင်ဘာလ ၁၀ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။

အဆိုပါသင်တန်းကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် Northern College မှ ကွန်ပြူတာ၊ စီပွားရေးဘာသာရပ်နဲ့ ဘွဲ့ရရှိထားတဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အဖွဲ့ဝင် ဆရာထုံချိုင်းက သင်တန်းဆရာအဖြစ် ထိုင်း စကားပြောကို သင်ကြားပေးနေတာဖြစ်ပါတယ်။

အခြေခံ ထိုင်းဘာသာစကားပြောသင်တန်းကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၈ဦး တက်ရောက် သင်ကြားနေတာဖြစ်ပြီး ရက်သတ္တတပတ်ကို (၄)နာရီကြာ သင်ကြားမှာဖြစ်သလို သင်တန်းကာလ (၃)လကြာမြင့်မှာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး သင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနဲ့ မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber �� (+66) 0869382757

See translation

No photo description available.

About the author

Ko Zan