အခြေခံအလုပ်သမားသမဂ္ဂပညာရေးသင်တန်းပြုလုပ်

ရောင်ခြည်ဦး၊ ၂၂ ရက် နိုဝင်ဘာလ ၂၀၂၀ ထိုင်းစံတော်ချိန် (နေ့လည် ၂ နာရီ ၃၀ မိနစ်)

ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့က ဦးဆောင်ပြီး မဲဆောက်ဒေသတွင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ် သမားတွေအတွက် အခြေခံအလုပ်သမားသမဂ္ဂပညာရေးသင်တန်းကို ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားများသင်တန်းခမ်းမမှာ နိုဝင်ဘာလ ၂၁ ရက်နေ့ကစတင်ကာ (၂)ရက်ကြာပြုလုပ်ခဲ့ပါတယ်။

အဆိုပါသင်တန်းကို မဲဆောက်မြို့ထုံထောင်းရပ်ကွက်မှာရှိတဲ့ ရန်မကင်းသိုးမွှေးစက်ရုံကအလုပ်သမားတွေ အပါအဝင် မယ်သောင်နဲ့ကပ္ပိဘန်း အရပ်မှာအလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားစုစုပေါင်း (၁၅)ဦးတက် ရောက်ခဲ့တာဖြစ်ပါတယ်။

သင်တန်းပြုလုပ်ပေးရတာနဲ့ပတ်သက်လို့ သင်တန်းတာဝန်ခံက “ ဒီသင်တန်းမှာက အခြေခံလူ့အခွင့်အရေး နှင့် ဒီမိုကရေစီ၊ အလုပ်သမားအခွင့်အရေးနှင့် လိင်နှင့်လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ခွဲခြားဆက်ဆံသည့် အမြင်များ၊ အလုပ်သမားသမဂ္ဂမိတ်ဆက် စတဲ့ခေါင်းစဉ်တွေနဲ့ သင်တန်းပြုလုပ်တာဖြစ်ပါတယ်။ အဓိကရည် ရွယ်ချက်က အလုပ်သမားတွေအနေနဲ့ မိမိအခွင့်အရေးကို မိမိကိုယ်တိုင်နားလည်ပြီးတောင်းဆိုလာနိုင် စေဖို့ပြီးတော့ ကာကွယ်လာနိုင်စေဖို့ နဲ့ ရောင်ခြည်ဦးရဲ့အလုပ်သမားရေးလှုပ်ရှားမှုတွေမှာ အတူတကွပူး ပေါင်း ပါဝင်လာစေဖို့နဲ့ တပြိုင်နက်တည်းမှာ အမျိုးသမီးအမျိုးသားခွဲခြားဆက်ဆံမှုအမြင်တွေ လျော့နည်း ပပျောက် လာစေဖို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

သင်တန်းသူ စက်ချုပ်သမတဦးကတော့ “ သမီးတို့ လုပ်ငန်းခွင်ထဲရောက်နေတယ်ဆိုပေမယ့် အလုပ်သမား အခွင့်အရေးက ဘာလဲဆိုတာ သေချာမသိဘူး ဒီလိုဘဲ လူ့အခွင့်အရေးဆိုတာလည်း မသိနားမလည်ဘူး ငြိမ်းချမ်းစွာစုဝေးခွင့် အသင်းအပင်းဖွဲ့စည်းခွင့် ပါဝင်ခွင့် စတာတွေလည်းနားမလည်ခဲ့ဘူး အခု ရောင်ခြည်ဦးက လုပ်တဲ့သင်တန်းကိုတက်ရောက်တော့ သမီးတို့မသိသေးတဲ့ ဗဟုသုတတွေ ကိုယ့်အခွင့် အရေးတွေကိုသိလာရတယ် အိမ်ကမိဘတွေကိုလည်း သင်တန်းကသိလာရတဲ့ အကြောင်းတွေကို ပြန်ပြီးပြောပြဖြစ်တယ် သမီးတို့အလုပ်သမားတွေအတွက် တကယ်လိုအပ်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေမို့ အကျိုးရှိတဲ့သင်တန်း” လို့ ပြောပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားထုကြား အခြေခံအလုပ်သမားသမဂ္ဂ သင်တန်းနဲ့ အလားတူ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့် ရှောက်မှု သင်တန်းအပါအဝင် ယခုကာလ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာအသိပညာပေးတဲ့ အစီအစဉ်တွေကိုလည်း တပါးတည်းပြုလုပ်ခဲ့ပါတယ်။ ထိုင်းအလုပ်သမား ဥပဒေမှာပါရှိတဲ့ အလုပ်ချိန်၊ အမျိုးသမီးအလုပ် သမားတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ အကြောင်းတွေကို သင်တန်းပို့ချပေးနေတဲ့အပြင် အလုပ်သမား အသိပညာပေးစကားဝိုင်းတွေကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

About the author

Eve Zin