ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးဆောင်၍ မဲဆောက်မြို့ မယ်သောင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားစကားဝိုင်း ပြုလုပ်

ရောင်ခြည်ဦး – မေလ ၁၆၊ ၂၀၂၂ (တနင်္လာနေ့)

မေလ ၁၆ရက်နေ့ ညနေပိုင်းမှာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်သောင်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်သမားအခွင့်အရေး၊ ထိုင်းအလုပ်သမားဥပဒေရေးဆိုင်ရာ အသိပညာပေးစကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဗဟုသုတများကို သိရှိပြီး လုပ်ငန်းခွင်အခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်တွန်းလှန်နိုင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ပြုလုပ်ခဲ့တဲ့ ဒီအလုပ်သမားစကားဝိုင်းကို အလုပ်သမား (အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ၁၃ ဦး) စုစုပေါင်း ၃၈ ဦး တက်ရောက်ခဲ့ပြီး အများစုမှာ အထည်ချုပ်စက်ရုံအလုပ်သမားများ ဖြစ်ပါတယ်။

ဒေသတွင်း လုပ်အားခ၊ အလုပ်ချိန်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေးခံစားခွင့်စသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ အချက်အလက်များအပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် တိုင်ကြားပုံအဆင့်ဆင့်ကို ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်နှင့် ဥပဒေရေးရာအထောက်အကူပြုဌာန တာဝန်ခံ မသူဇာကြိုင်တို့မှ ရှင်းပြခဲ့ပြီး အလုပ်သမားများ နှင့် အပြန်အလှန် မေးခွန်းများမေး ဆွေးနွေးကာ အလုပ်သမားစကားဝိုင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

About the author

Pyea Phyo Kyaw