ရောင်ခြည်ဦး – ဩဂုတ် ၁၃၊ ၂၀၂၃
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း ၂ပတ်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ စိုက်ခင်းတွေရေနစ်မြုပ်ကာ လုပ်ငန်းခွင်မဝင်နိုင်ဘဲ စားဝတ်နေရေးခက်ခဲနေကြတဲ့ မြန်မာ ရွှေ့ပြောင်းမိသားစု၁၆စုက ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကို လာရောက်အကူအညီတောင်းခံခဲ့တဲ့အတွက် ဆန်၊ ဆီနဲ့ ဆေးဝါးအချို့ကို သြဂုတ်လ ၁၀ရက်နေ့မှာ သွားရောက်ပေးပို့လှူဒါန်းခဲ့ပါတယ်။
ဩဂုတ်လအတွင်း ၂ပတ်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းခဲ့တဲ့အတွက် မဲဆောက်မြို့က နေရာအများစုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။ တောင်ယာစိုက်ခင်းတွေထဲကို ရေလွှမ်းသွားတာကြောင့် သီးနှံတွေ ပျက်ဆီးပြီး တနိုင်တပိုင်စိုက်ပျိုးရေးလုပ်တဲ့ အလုပ်သမားတွေ အရှုံးပေါ်ခဲ့ကြပါတယ်။ ရေလွှမ်းနေတဲ့ စိုက်ခင်းတွေမှာ အလုပ်လုပ်လို့လည်း မရတဲ့အတွက် တောင်ယာစိုက်ပျိုးရေးအလုပ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။
နေ့စဉ် မိုးရွာသွန်းမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း လုပ်ငန်းတွေ ရပ်နားထားရပါတယ်။ နေ့စားလုပ်အားခကို မှီခိုအားထားနေရတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေနဲ့ တောင်ယာစိုက်ပျိုးရေးအလုပ်သမားတွေဟာ ၂ပတ်ကျော်ကြာ အလုပ်လက်မဲ့ ဖြစ်သွားကြတဲ့အခါ စားဝတ်နေရေး အခက်အခဲကြုံနေကြရပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757