မြဝတီမြို့တောင်ဘက် KNU တပ်မဟာ ၆ နယ်မြေတွေ တိုက်ပွဲဖြစ်ပွား

ရောင်ခြည်ဦး ၂၁ ဒီဇင်ဘာ ၂၀၂၁

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် KNU/ KNLA တပ်မဟာ ၆ ထိန်းချုပ်ရာ ဒေသတွင်း စကစ တပ်တွေဝင်ရောက်ပြီး လူသားချင်းစာနာပြီးလက်ခံထားသူတွေကို ​ဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်ရာက နှစ်ဖက်တပ်တွေအကြားဒီဇင်ဘာလ ဒုတိယအပတ်ကစလို့တိုက်ပွဲတွေဖြစ်နေခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်လေးကေ့ကော်၊ ဖလူးကြီး ဖလူးလေးနဲ့ မယ်ဝါးခီးစတဲ့ ဒေသက မြန်ပြည်သားတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်ဦးရေ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းက စစ်ရှောင်စခန် (၂ )ခုနဲ့ နေရာအချို့မှာ ခိုလှုံနေကြရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ၁၅၀၀လောက်ဟာလည်း မြန်မာဘက်ခြမ်း သောင်ရင်း မြစ်ဘေးက နေရာအချို့မှာ အကာ အကွယ်မဲ့ ခြုံတွေထဲမှာ ဖြစ်သလိုနေကြရတာတွေလည်းရှိနေပါတယ်။

အဲဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် သောင်ရင်းမြစ်ကိုဖြတ်ပြီး ခက်ခက်ခဲခဲ စားနပ်ရိက္ခာတွေရောက်ရှိအောင် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ပေးပို့ကူညီနေတာဖြစ်ပါတယ်။

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber 💬 (+66) 0869382757

About the author

Ko Zan