မြန်မာအလုပ်သမား (၃၈)ဦး သုံးလစာနစ်နာကြေးပေး၍ အလုပ်ဖြုတ်ခံရ

ရောင်ခြည်ဦး၊ ၃၁ ရက် ဇန်နဝါရီလ ၂၀၂၄ ခုနှစ်

ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် အလုပ်သမား စုစုပေါင်း ၄၀၀ ဝန်းကျင်ဖြင့် လည်ပတ်နေတဲ့ SD Fashion(ချန်ပီယံ) သိုးမွှေးစက်ရုံမှ အလုပ်သမား ၃၈ ဦးကို အလုပ်ရှင်မှ ၃ လစာ နစ်နာကြေးပေး၍ အလုပ်ထုတ်ခံရကြောင်းသိရှိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှာ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားများအနက် ၁၀ ဦး မှ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့သို လာရောက်ပြီး ဥပဒေကြောင်းအရ မည်သည့်ခံစားခွင့်များရှိသည်နှင့် မည်သို့ လုပ်ဆောင်၍ ရမည်ကို ဆွေးနွေးလာကြပါတယ်။

SD Fashion အလုပ်ရှင် က 11-12-2023 ရက်နေ့မှာ အလုပ်သမားများကို အစည်းအဝေးခေါ်ပြီး စက်ရုံဖက်ရှိ အခက်အခဲအခြေအနေများကို ရှင်းလင်းပြကာ အလုပ်သမားအမျိုးသား ၃၈ ဦးအား အလုပ်ဆက်မပေးနိုင်တော့ကြောင်း၊ နောက်လ 11-1-2024 ရက်နေ့တွင် လစာ အပါအဝင် နစ်နာကြေး ( ၃) လစာတပါတည်း ပေးလျော်သွားပေးမည်ဖြစ်ကြောင်းနှင့် နောက်တစ်နေ့တွင် စက်ရုံအတွင်း တရားဝင်စာထုတ်ပြန်ကပ်ထားကြောင်း သိရှိရပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားများမှာ လုပ်သက် ၆နှစ်အထက်နှင့် နှစ် ၂၀ အောက်လုပ်သက်ရှိကြပြီ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ ဥပဒေရေးရာ တာဝန်ခံက အလုပ်ဖြုတ်ခံရသူများအနေဖြင့် လုပ်သက်အလိုက် နစ်နာကြေး ခံစားခွင့်ရှိကြောင်းနှင့် လက်မှတ်အထောက်အထား ကိစ္စများနှင့် ပတ်သက်ပြီး အလုပ်ထုတ်စာ ( ကျန့်အော်)၊ လူမှုဖူလုံရေး ( ပကန်စံခွန်း) ခံစားခွင့်များ ရှိသည်ကို ရှင်းပြဆွေးနွေးပေးခဲ့ပါတယ်။

ထို့နောက်အလုပ်သမားများအချင်းချင်း တိုင်ပင်ဆွေးနွေးကြကာ အလုပ်ရှင်ဘက်မှ (၁၄-၁-၂၀၂၄ ) ရက်နေ့မှာ ကျန်ရှိလုပ်အားခထုတ်ပေးကာ (၂၃-၁-၂၀၂၄) ရက်နေ့မှာ ပေးလျော်တဲ့ ၃လစာနစ်နာကြေး(၁,၁၃၅,၄၄၀ ဘတ်) ကို ကျေနပ်လက်ခံလိုက်ကြကြောင်း၊ လက်မှတ်အထောက်အထားကိစ္စများနှင့် ပကန်စံခွန်းကိစ္စများကိုတော့ အလုပ်သမားများကိုယ်တိုင် ၎င်းတို့ရဲ့ အဆက်အသွယ်များနှင့် ဆက်လက်လုပ်ဆောင်ကြတယ်လို့သိရှိရပါတယ်။

အလုပ်ရှင်ပြောင်း၍ လက်မှတ်သက်တမ်းဆက်ရန်ဆောင်ရွက်နေသူက ၁၈ ဦးရှိပြီး၊ ပကန်စံခွန်း(လူမှုဖူလုံရေး) အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူ ၆ဦးနှင့် ကျန်အလုပ်သမားများမှာ မြန်မာပြည်ပြန်ရန်နှင့် အခြားအလုပ်များသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေတယ်လို့ လည်း သိရှိရပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

See translation

May be an image of 8 people, people studying and text

About the author

Ko Zan