ပြည်သူ့အစိုးရနှင့် ပြည်သူ့သံအမတ်ကို ထောက်ခံဖို့ ဓါတ်ပုံရိုက်ကာ ပါဝင်ကြစို့

ရောင်ခြည်ဦး _ ၂၀ စက်တင်ဘာ ၂၀၂၂

၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂရဲ့ (၇၇)ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရက ခန့်အပ်ထားတဲ့ လက်ရှိ တရားဝင်ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်တက်ရောက်ခွင့်ပြုဖို့ မြန်မာပြည်သူများက မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံအသီးသီးကနေ NUG အစိုးရနှင့် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုများ ပြုလုပ်နေပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကို UNမှာ မြန်မာပြည်ကိုယ်စားပြုအဖြစ်ဆက်ရှိနေဖို့ UN Credential Campaign စက်တင်ဘာ(၁) ရက်နေ့က စပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ကျနော်တို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ကုလသမဂ္ဂမှာ မြန်မာပြည်ကိုယ်စားပြု သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်ရှိနေဖို့ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ထောက်ခံကြောင်း လှုပ်ရှားမှုမှာ “ပြည်သူ့အစိုးရ နှင့် ပြည်သူ့သံအမတ်ကိုလက်ခံပါ” စာတမ်းကိုင်ဆောင်ပြီး ဓါတ်ပုံရိုက်ကာ ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

════════════════════

❝Accept NUG and Our Ambassador, Reject Dictator❞

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”

════════════════════

#AcceptNUG

#AcceptOurAmbassador

#RejectDictator

#CredentialCampaign

#SaveMyanmar

#AcceptNUGRejectMilitary

#UN_ProveYourExistence4Justice

#UKyawMoeTunisOurAmbassador

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber �� (+66) 0869382757.

See translation

About the author

Ko Zan