ရောင်ခြည်ဦး၊ ၅ ရက် နိုဝင်ဘာလ ၂၀၂၀
၁။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)နှင့် ၅-၁၁-၂၀၂၀ ရက်၊ မွန်းလွဲ (၁၃၀၀) နာရီတွင် တယ်လီ ကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။
၂။ ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုနေထိုင်သည့် ပြည်နယ်တစ်ခုတွင် တရားဝင် ကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေး၍ ကူညီဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများအား ကူညီပံ့ပိုး ဖြေရှင်းပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု ပိုမိုမြှင့်တင်ရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။