ဒီဇင်ဘာ အားကစားပွဲပြုလုပ်

ရောင်ခြည်ဦး – ဇန်နဝါရီ ၃၊ ၂၀၂၄

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မဲဆောက်ရောက်ရွှေ့ပြောင်းအလုပ်သမားများရဲ့ သားသမီးရင်သွေးငယ်များနှင့် မိဘများပူးပေါင်းပြီး ကျန်းမာပျော်ရွှင်စေဖို့အတွက် 31-12-2023 ရက်နေ့မှာ ဒီဇင်ဘာအားကစားပွဲ ပြုလုပ်ခဲ့ပါတယ်။

အားကစားပွဲကိုတက်ရောက်လာတဲ့ မိဘများကို ကျန်းမာရေး၊ ပညာရေး စတဲ့ အသိပညာများကိုလည်း BMTA နှင့် M-Fund တို့မှ ပူးပေါင်းပြီး ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

အားကစားပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှ တစ်နေ့တာ မှာ အပန်းပြေစေဖို့၊ ပျော်ရွှင်စေဖို့၊ ကျန်းမာ ကြံ့ခိုင်စေဖို့၊ ဉာဏ်ရည်တိုးတက်စေဖို့၊ အာရုံစူးစိုက်တတ်ဖို့၊ သွေးစည်းညီညွတ်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနှင့် အားကစားနည်း ၅ မျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin