ရောင်ခြည်ဦး
၅ မတ် ၂၀၂၂
အပျော်စီး စက်လှေစီးရင်း ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ကြာသာပတေးနေ့ညပိုင်းက ကျောက်ဖရားမြစ်ထဲ ပြုတ်ကျပြီး အသက်သေဆုံးခဲ့တဲ့ ထိုင်းမင်းသမီး တန်မိုနိဒါ (Tangmo Nida)ရဲ့ အမှုမှန်ပေါ်ပေါက်ဖို့ အရေးကြီးတဲ့ သက်သေကို ထိုင်းရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိထားပြီးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အဆိုပါ အရေးကြီးသက်သေဟာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ တိုင်းဒေသကြီး(၁)က ရရှိထားတာဖြစ်တယ်လို့သိရပါတယ်။ ရဲတပ်ဖွဲ့ကရရှိထားတဲ့ ဖုန်းခေါ်ဆိုမှုမှတ် တမ်း ဟာ မင်းသမီးတန်မိုနဲ့အတူ စက်လှေစီးရာမှာပါဝင်တဲ့ အမျိုးသားတစ်ဦးက ဩဇာညောင်းတဲ့ အရာရှိကြီးထံ ဖုန်းဆက်အကြံဉာဏ်တောင်းခဲ့တဲ့ ဖုန်းခေါ်ဆိုမှုအသံဖိုင်ပဲဖြစ်ပါတယ်။
မင်းသမီး ရေထဲပြုတ်ကျပြီး ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၁နာရီကျော်မှာ မင်းသမီးရဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို ဘန်ကောက်မြို့ ကျောက်ဖရားမြစ် နွန်သာဘူရီက Phiul Songkharm 1 ဆိပ်ခံအနီးမှာ ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ပါတယ်။
မတ်လ ၁ရက်နေ့ မင်းသမီးရေထဲပြုတ်ကျပြီး (၄)ရက်အကြာမှာတော့ မင်းသမီး တန်မိုရဲ့ မန်နေဂျာ မဖြစ်သူ “ ကတစ်” နဲ့ မင်းသမီး အမေဖြစ်သူတို့ရဲ့ တန်မိုသေဆုံးတဲ့ကိစ္စ တောင်းပန်တဲ့ ဗွီယိုရုပ်သံဖိုင်တွေ အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ဗွီ ဒီယိုထဲမှာတော့ မန်နေဂျာမ ကတစ်က သူဟာ အဲဒီနေ့က မင်းသမီး တန်မိုကို အပျော်လှေစီးဖို့ခေါ်ခဲ့ကြောင်း မန်နေဂျာအနေနဲ့ မဟုတ်ပဲ သူငယ်ချင်းတစ်ယောက်အနေနဲ့သာ လှေစီးခဲ့ကြောင်းနဲ့ (၄)ရက်အတွင်း အမေဖြစ်သူဆီ တန်မိုကိစ္စဘာကြောင့် အကြောင်းမကြားခဲ့သလဲ ဘာကိုဖုန်းကွယ်ထားသလဲ မေးခွန်းကိုတော့ ရဲစခန်းကိုပြောဆိုပြီးသား ဒီလောက်ပဲပြောနိုင်ပါတယ် လို့ ထပ်ခါထပ်ခါ ဖြေကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းရုပ်ရှင် မင်းသမီး တန်မိုနိဒါဟာ သူမရဲ့ မန်နေဂျာအပါအဝင် သူငယ်ချင်း ငါးဦးနဲ့ ကျောက်ဖရားမြစ်အတွင်း အပျော်စီး စက်လှေ စီးနေရင်း ရေထဲပြုတ်ကျ သေဆုံးခဲ့တာဖြစ်ပါတယ်။ အခုလို နာမည်ကြီး မင်းသမီးတယောက် ကျောက်ဖရားမြစ်ထဲ ပြုတ်ကျသေဆုံးခဲ့တာဟာ သွေးရိုးသားရိုး မဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
မင်းသမီးက သူမသူငယ်ချင်းမန်နေဂျာမ ရဲ့သမီးကိုမွေးစားထားပြီး သူမသေရင် အသက်အာမခံကြေးကို
အဲ့ဒီကလေးမ ရမှာဖြစ် တယ်လို့လည်းကြားသိရပါတယ်။သို့ပေမယ့် မင်းသမီးရဲ့အမေက ထိုအသက်အာမခံကြေးကိစ္စ သူမသိရှိခဲ့ရပဲ ကလေးငယ်အား တရားဝင်မွေးစားထားမှု မရှိခြင်းကြောင့် အာမခံကြေးအား ကလေးကိုအပြည့်အဝမပေးနိုင်ဟု ပြောဆိုနေကြောင်းကြားသိရပါတယ်။
မနေ့က နံမည်ကြီးသတင်းဌာနတခု၏ ဖော်ပြချက်အရ မင်းသမီးအမေနှင့်မေးမြန်းခဲ့ရာ လှေမောင်းသူနဲ့ပိုင်ရှင်က နေ့တိုင်း မင်းသမီးအမေကို ဖုန်းဆက်တောင်းပန်နေကြောင်း၊ရဲကအမှူကိူစုံစမ်းစစ်ဆေးဆဲမှာ
လှေပေါ်အတူပါလာတဲ့ သူဌေးတယောက်က အမေကိုဘတ် သန်း၃၀ ပေးလို့ မင်းသမီးအမေက ကျေနပ်ခွင့်လွှတ်ပြီး ကျန်သူများကိုတော့ ကျေနပ်လက်ခံမှုမရှိသေးပဲ မင်းသမီးရဲ့အမှုဖြစ်စဉ်ကို အစ အဆုံးကူညီပေးနေတဲ့ ငယ်သူငယ်ချင်း ၂ဦးကိုလဲ ဝင်မရှုပ်ကြဖို့ပြောဆိုခဲ့ကြောင်း သိခဲ့ရပါတယ်။
အသက် ၃၇ နှစ်အရွယ် ထိုင်းမင်းသမီး တန်မိုဟာ ထိုင်းဇာတ်လမ်းတွဲတွေမှာ များစွာပါဝင် သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံသားတွေသာမက မြန်မာနိုင်ငံသားတွေကပါ အားပေးနှစ်သက်တဲ့ မင်းသမီး တလက်ဖြစ်ပါတယ်။ယခုနောက်ဆုံးကြားသိရတဲ့ သတင်းများအရ မင်းသမီးအမေမှ ကျေနပ်လက်ခံ ရယူမည့် ဘတ်ငွေ သန်း(၃၀)ကိစ္စအား အမှုကိုင်ရှေ့နေနှင့် အမှုလိုက်ရဲများမှ လက်မခံသေးပဲ မင်းသမီးသေဆုံးခဲ့ရသည့် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြားသိထားရပြီး မင်းသမီးကိုချစ်သည့် ပြည်သူများကလဲ အခြေအနေအမှန်ကို ဆက်လက်စောင့်မျှော်ကြည့်ရှုနေကြဆဲ ဖြစ်ပါတယ်။