ရောင်ခြည်ဦး၊ ၂၄ ဒီဇင်ဘာ ၂၀၂၁
မြန်မာဖက်ခြမ်း မင်းလက်ပံ့အုန်းတောဂိတ် ထိုင်းဖက်ခြမ်း ၁၀ဘတ် ဂိတ်က မြန်မာဖက်ခြမ်း သောင်ရင်းမြစ်ဘေးမှာ စစ်ဘေးရှောင် ၁ထောင်ခန့်ထပ်မံရောက်ရှိနေပါတယ်။ အဆိုပါစစ်ဘေးရှောင်များအတွက် မဲဆောက်လူထုဆုံမှတ်(MCF)က ထမင်းဗူး ၄၀၀ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က သွားရောက်ပို့ဆောင်ခဲ့ပြီး စေတနာရှင်အလုပ်သမားများက ထမင်းဗူး ၃၀၀ စုစုပေါင်း ထမင်းဗူး (၇၀၀)ကိုသွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၃ရက်နေ့ည (၁၀:၄၀)နာရီအချိန်မှာ စကစ ဘက်က မြဝတီခရိုင် လေးကေကော်မြို့သစ်အနီးက လေးကပေါ်ဒေသကို တိုက်လေယာဉ် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိုင်းနိုင်ငံဘက်ခြမ်း တိမ်းရှောင်လာသူတွေရှိသလို မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ဘေးတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်မြန်မာပြည်သား ထောင်နဲ့ချီရှိနေပါတယ်။ ဒီဇင်လာလ ၂၄ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာလည်း မဲဆောက် – မြဝတီမြို့ အမှတ် ၂၄ ဂိတ်အနီး စကခ ဘက်က ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။