ဆန်နှင့်ဆေးဝါးများ ပေးပို့လှူဒါန်း

ရောင်ခြည်ဦး ၁၂ စက်တင်ဘာ ၂၀၂၂

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သောင်ရင်းမြစ်အနီး ကနဲလေးထ အရပ်မှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဆန် (၁၅)ကီလိုအိတ် ၁၀၀ အပါအဝင် ဓါတ်ဆားထုတ်နဲ့ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို စက်တင်ဘာလ ၉ ရက်နေ့က သွားရောက်ပေးပို့လှူဒါန်းခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိကလိုအပ်နေသည့် ဆန်ကို MGSF (USA) အဖွဲ့က ပေးပို့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီဒေသတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတဲ့အတွက် ဒေသခံစစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ ခက်ခဲနေပါတယ်။

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber – (+66) 0869382757

About the author

Ko Zan