စက်ရုံတစ်ခုမှာ နေ့စားလုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးရဲ့ ရင်ဖွင့်သံ

“ကျမတို့စက်ရုံကတော့ မနက် ၈ နာရီကနေ ည ၉ နာရီထိ အလုပ်ဆင်းရတယ်။ တစ်နေ့ကို ၃၁၅ ဘတ် ပေးတယ်။ လက်မှတ်ဖိုး တစ်လကို ၁၅၀၀ ဘတ် ဖြတ်တယ်။ စက်ရုံထဲမှာ မနေတာတောင်မှ ရေဖိုးဖြတ်ခံရတယ်။ ဘာလို့ဆို အိမ်သာသုံးလို့တဲ့။ အထည်စံချိန်လည်း ပုံမှန်ထက်တောင်းတယ်။ တောင်းတဲ့အချိန် မပေးနိုင်ရင် ဆဲဆူကြိမ်းမောင်းတာတွေခံရတယ်။ အထည်လောရင်လောသလို အပေါ့အပါးသွားချင်ရင်တောင်မရဘူး။ လက်မှတ်လည်း သူတို့သိမ်းထားတယ်။ လက်မှတ်မရှိတော့ အပြင်သွားဘာညာ မရဘူးပေါ့။ ဘယ်မှ သွားလို့မရဘူး။ အလုပ်ထွက်မယ်ဆိုလည်း ပေးမထွက်ဘူး။ လက်မှတ်နဲ့ကိုင်ပေါက်ပြီးခြိမ်းခြောက်တယ်။”

#ရောင်ခြည်ဦး_အလုပ်သမားများ၏ရင်ဖွင့်သံကဏ္ဍ

#MigrantWorker

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin