စကားဝိုင်းပြုလုပ်

ရောင်ခြည်ဦး – စက်တင်ဘာ ၁၈၊ ၂၀၂၃။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ သောင်ရင်းကမ်းနဖူးရှိ စက်ရုံအလုပ်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ ဆုံကာ 17-9-2023 ရက်နေ့မှာ အလုပ်သမားစကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စကားဝိုင်းမှာ မြန်မာ အလုပ်သမ (၂၀)ဦးနဲ့ အလုပ်သမား(၂)ဦး တက်ရောက်ခဲ့တာဖြစ်ပြီး တရားဝင် အထောက်အထားလက်မှတ်ဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင်အတွင်း ပုံမှန် အလုပ်ချိန်နှင့် လုပ်အားခ၊ အချိန်ပိုလုပ်ခ၊ လက်မှတ်ဖိုးဆိုပြီး စက်ရုံအလုပ်ရုံတာဝန်ရှိသူတွေက လစဉ် ငွေဖြတ်တောက်နေပြီး လက်မှတ်မူရင်းကို မကိုင်ဆောင်ရဘဲ မိတ္တူသာ ကိုင်ဆောင်နေရတဲ့ ကိစ္စရပ်များနှင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ဖလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။

စကားဝိုင်းကို တက်ရောက်လာတဲ့ အလုပ်သမားတွေထဲမှာ စက်ရုံအလုပ်သမားအများစုဖြစ်ပြီး လုပ်အားခ အပြည့်အဝမရရှိတာ၊ လက်မှတ်ဖိုး လစဉ် (၃၀၀)ဘတ် ဖြတ်တောက်ခံနေရပြီး လက်မှတ်မူရင်း မကိုင်ရတာတွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိတဲ့အတွက် အမျိုးသမီးအလုပ်သမားအများစု အခက်တွေ့နေရတယ်လို့ ပြောပါတယ်။ သောင်ရင်း ကမ်းနဖူးမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားသစ်ဝင်ရောက် အလုပ်လုပ်ကိုင်ရင် တနေ့ လုပ်အားခ (၁၅၀)ဘတ်သာပေးပြီး တနှစ်ကို (၁၀)ဘတ်ကနေ (၂၀)ဘတ်သာ လုပ်အားခ တိုးပေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။ နှစ်ကြာတဲ့ အလုပ်သမားအတွက် (၂၅၀)ဘတ်ကျော် လုပ်အားခရတာဖြစ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြဌာန်းထားတဲ့ အနိမ့်ဆုံးလုပ်အားခ (၃၃၂)ဘတ်ကို မရရှိဘူးလို့ သိရပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Admin