ကိုဗစ်ကာလမှာထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါသလဲ။ ကိုဗစ်အလွန်မှာ သူတို့ရဲ့ အလုပ်အကိုင်တွေ ပြန်လည်ရရှိနိုင်ဖို့ စိန်ခေါ်ချက်တွေကဘာတွေရှိနေပါသလဲ။လက်ရှိကိုဗစ်ကာလမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို ရွှေ့ပြောင်းလုပ်ကိုင်ဖို့ဝင်ရောက်တဲ့မြန်မာတွေ ဘယ်လိုအရေးယူခံရတာတွေရှိနေပါသလဲ။
ဒီနေ့ ဒီဇင်ဘာ(၁၈)ရက်ဟာ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားသူများနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်း သွားလာ အလုပ် လုပ်ကိုင်ကြတဲ့ အထဲမှာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ကြတာဟာ အများဆုံးဖြစ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်သူတွေအရေးကို ဒီတစ်ပတ် Friday Live အစီအစဉ်မှာ အဓိကဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးထားကြသူတွေကတော့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN စီမံကိန်းဒါရိုက်တာ ဦးစိန်ဋ္ဌေး၊ ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သား အရေး ဆောင်ရွက်တဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ရုံးအဖွဲ့မှူး ကိုမျိုးကိုကိုဆွေတို့ဖြစ်ပါတယ်။
ဘီဘီစီ ပရိသတ်ထဲက နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း လုပ်ကိုင်သူတွေရဲ့ အတွေ့အကြုံ နဲ့ အမြင် သဘောထားတွေကိုလည်း မှတ်ချက်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
မေးမြန်း – ညိုလဲ့ရည်
ဘီဘီစီမြန်မာပိုင်း