အာဇာနည်နေ့

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင် ကန္နားများကို ပိတ်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြသည်။

၁၉၄၇ ခုနှစ်၊ မြန်မာ စံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန် ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့် တပ်အမှတ် (၁၂) သေနတ်ကိုင် တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်း အပြည့်စုံ ဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများ ရုံးအတွင်း ဝင်ရောက်၍ ဗမာ့ လွတ်လပ်ရေး ခေါင်းဆောင် အချို့အား ပစ်ခတ်လုပ်ကြံ ခဲ့ကြသည်။
လုပ်ကြံ ခံခဲ့ရမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ ထိုစဉ်က ဦးအောင်ဆန်း (ဝန်ကြီးချုပ်)၊ ဦးဘချို (ပြန်ကြားရေးဌါန ဝန်ကြီး)၊ မန်းဘခိုင်(အလုပ်သမားရေးရာ ဌါနဝန်ကြီး)၊ ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေး ဌါနဝန်ကြီး)၊ သခင်မြ (ပြည်ထဲရေး ဌါနဝန်ကြီး)၊ ဦးအဗ္ဗဒူရာဇာတ်(ပညာရေးနှင့် အမျိုးသား စီမံကိန်း ဝန်ကြီးဌါန)၊ စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာ ဌါနဝန်ကြီး)၊ ဦးအုန်းမောင် (သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဌါန ဒုဝန်ကြီး) နှင့် ရဲဘော် ကိုထွေး(ဦးအဗ္ဗဒူရာဇာတ်၏ သက်တော်စောင့်) တို့ ကိုးဦး ကျဆုံးခဲ့ကြရသည်။

၎င်း နိုင်ငံတော် လုပ်ကြံမှုကြီးအား အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုမှ ကြိုတင် စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။
ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာ လူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်း သို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။
အဘယ့်ကြောင့် ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီး စစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံး ကိရိယာများအား အဖွဲ့အစည်း အသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံရသည်။ ၎င်းစစ်သုံး ကိရိယာ အစိတ်အပိုင်းကြီးအား ဦးစော၏ အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။

ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ ဝိုင်းပြီး အိမ်တွင်း အိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။

ထို့နောက် ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့ကြသည်။

နိုင်ငံတော် လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီ အချိန်တွင် မြန်မာပြည် ဗြိတိသျှ ဘုရင်ခံချုပ် ဆာ ဟာ့ဘက်ရန့်စ်သည် ဦးနုခေါင်းဆောင်သည့် ကြားဖြတ် အစိုးရအဖွဲ့အား အာဏာ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင် လွတ်လပ်ရေးနေ့ ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည် သမုတ်၍ ပြည်သူ့ အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ် နေ့အဖြစ် နှစ်စဉ် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အချက်လက် − ဝီကီပီးဒီးယား
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
#YaungChiOoWorkersAssociation
#YCOWA
#19July
☎ – (+66) 0869382757
Viber �� (+66) 0869382757 

About the author

Admin