အလုပ်သမား အစုအဖွဲ့နှင့် သမဂ္ဂ လုပ်ငန်းစဉ်ဆိုင်ရာ ဒုတိယအကြိမ် သင်တန်းပြုလုပ်

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မဲဆောက်ဒေသတွင်း အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အတွက် အလုပ်သမား အစုအဖွဲ့နှင့် သမဂ္ဂ လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းတရပ်ကို ဧပြီလ ၇ ရက်နေ့က ရောင်ခြည် ဦး အလုပ်သမားသင်တန်းခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါသင်တန်းကို သင်တန်းသူ ၇ ဦး သင်တန်းသား ၉ ဦး စုစုပေါင်း မြန်မာအလုပ်သမား ၁၆ ဦးတက်ရောက်ခဲ့ တာဖြစ်ပါတယ်။ သင်တန်းမှာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ အလုပ်သမားဆက်ဆံ ရေးဥပဒေ၊ လူမှုဖူလုံရေးအက်ဥပဒေ၊ အလုပ်သမားလျော်ကြေးဥပဒေတွေ အပါအဝင် ထိုင်းအလုပ်သမား ဥပဒေပါ အလုပ် သမားရပိုင်းခွင့်တွေနဲ့ အလုပ်သမားတွေ လိုက်နာရမယ့် ဥပဒေကြောင်းတွေကို ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့ ဥပဒေအထောက် အကူပြုဌာန တာဝန်ခံ ဒေါ်သူဇာကြိုင်က ဆွေးနွေးပို့ချခဲ့တာဖြစ်ပါတယ်။
ထိုင်းဥပဒေပါ အလုပ်သမားရပိုင်ခွင့်တွေ ချိုးဖေါက်ခံရတဲ့အခါ ဥပဒေကြောင်းအရ တောင်းဆို တိုင်ကြားမှုတွေကို အလုပ်သမားတွေ စည်းလုံးညီညွတ်မှုနဲ့ ဖြေရှင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ကုန်ထုတ် လုပ်မှုရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်းနဲ့ အဲလိုအရေးပါတဲ့ အလုပ်သမားတွေအတွက် သွေးစည်း ညီညွှတ်တဲ့ အစုအဖွဲ့တွေ ဘာကြောင့်လိုအပ်နေသလဲ၊ ဘယ်လို စုဖွဲ့မှုမျိုးတွေလုပ်ဆောင်နိုင်သလဲ၊ တူညီတဲ့အလွှာ အလိုက် သမဂ္ဂတွေ ဘာကြောင့်ပေါ်ပေါက်ခဲ့တာလဲ၊ သမဂ္ဂဆိုတာ ညီညွှတ်ပေါင်းစည်းခြင်း (သို့) အဖွဲ့အစည်းလို့ အဓိပ္ပါယ်ရကြောင်းနဲ့ စည်းလုံးညီညွှတ်မှုနဲ့ အလုပ်သမားတွေကိုယ်တိုင် ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်မှုရအောင် ဘယ်လို လုပ်ဟန်တွေ လုပ်ငန်းစဉ်တွေကို ချမှတ်လုပ်ဆောင်နိုင်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ ရောင်ခြည်ဦး သင်တန်း Team တာဝန်ရှိသူတွေက ဆွေးနွေးပို့ချ ခဲ့တာဖြစ်ပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ လုပ်အားခ၊ အလုပ်ချိန်၊ အချိန်ပိုကြေး၊ အနားယူချိန်၊ အလုပ်ပိတ်ရက်၊ ခွင့်ရက်၊ မီးဖွားခွင့်နှင့် နစ်နာကြေးအပါအဝင် ထိုင်းအလုပ်သမားဥပဒေပါ အလုပ်သမားအခွင့်အရေးတွေသာမက တရားဝင်အလုပ် သမား အထောက်အထားကိစ္စရပ်၊ လူမှုဖူလုံရေးခံစားခွင့်၊ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးနဲ့ လုပ်ငန်းခွင်အာမခံချက် တွေကိုပါ ချိုးဖေါက်ခံနေရတာဖြစ်လို့ အလုပ်သမးအခွင့်အရေးတွေ ရရှိအောင်၊ ထပ်မံ ချိုးဖေါက် မခံရအောင် သွေးစည်းညီညွှတ်တဲ့ အလုပ်သမားအစုအဖွဲ့ ဖွဲ့စည်းပြီး အလုပ်သမားအခွင့် အရေးကာကွယ်ဖို့ လိုအပ်တယ်လို့ သင်တန်းကို တက်ရောက် လာတဲ့ အလုပ်သမားတွေကပြောပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာ ရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ သိသင့်သိထိုက်တဲ့ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေးသင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနဲ့ မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။

YaungChiOoWorkersAssociation

YCOWA

TrainingTeam

☎ – (+66) 0869382757
Viber �� (+66) 0869382757

About the author

Pyea Phyo Kyaw