ဧပြီလ ၂၅ .၂၀၂၂ ရောင်ခြည်ဦး
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ဆောင်ခွဲ အရပ်မှာ အလုပ်သမားအခွင့်အရေး၊ အခြေခံအလုပ်သမားရပိုင်ခွင့်နှင့် အလုပ်သမားသမဂ္ဂ မိတ်ဆက် စတဲ့ခေါင်းစဉ်တွေနဲ့ အလုပ်သမားစကားဝိုင်းကို ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အလုပ်သမားစကားဝိုင်းမှာ မဲဆောက်မြို့ ဘန့်ဆောင်ခွဲအရပ်မှာရှိတဲ့ အထည်ချုပ်စက်ရုံအလုပ်သမား အမျိုးသမီး (၂၃)ဦးနဲ့ ဆောက်လုပ်ရေးလုပ်သားများအပါအဝင် အမျိုးသား (၅)ဦး စုစုပေါင်း (၂၈)ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့ လုပ်အားခ၊ အလုပ်ချိန်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် အလုပ်သမားအားလပ်ချိန်ခံစားခွင့်တွေနဲ့ပတ်သက်တာတွေ၊ အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံရတဲ့အခါ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို တိုင်ကြားပုံအဆင့်ဆင့်နဲ့ အလုပ်သမားလူမှုဖူ လုံရေး ခံစားခွင့်နဲ့ အလုပ်သမား အလုပ်အကိုင်ရှာဖွေရေးရုံးတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လိုလည်း အလုပ်သမား တွေနဲ့အပြန်အလှန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဟာ မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားသမဂ္ဂ မိတ်ဆက် အသိပညာပေးတဲ့ သင်တန်းနဲ့ စကားဝိုင်းတွေကို ပြုလုပ်ပေးလျက်ရှိပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကြုံတွေ့နေရတဲ့ လုပ်အားခ ပြဿနာတွေ၊ လုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေ မခံရအောင် ကူညီလုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။