ရောင်ခြည်ဦး ဩဂုတ်လ ( ၂၁) ရက်၊ ၂၀၂၃ ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး မတူညီတဲ့
လုပ်ငန်းခွင်များမှ အလုပ်သမား (၂၁) ဦးနှင့်အတူ (၂၀-၈-၂၀၂၃ တနင်္ဂနွေနေ့)မှာ စကားဝိုင်းပြုလုပ်ခဲ့ကြပါတယ်။
မတူညီတဲ့ လုပ်ငန်းခွင်တွေက အလုပ်သမားအချင်းချင်း ရင်းနှီးမှု ရှိလာစေရန်နှင့် လုပ်ငန်းခွင်နေရာတွေ မတူညီသော်လည်း လုပ်ငန်းခွင်တွင်း တူညီစွာ ကြုံတွေ့ရတဲ့ အခက်အခဲပြဿနာတွေကို အချင်းချင်း ဖလှယ်ကြပြီး အတူတကွ ပြဿနာဖြေရှင်းကြစေလိုသောရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့်ရွှေ့ပြောင်းလာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု လုပ်ကိုင်နေတဲ့ အထည်ချုပ် စက်ရုံ လုပ်ငန်းတော်တော်များများမှာ အထည်အော်ဒါပြတ်လပ်ခြင်း၊ လုပ်ခလစာ ချိုးနှိမ်ခံရခြင်း၊ ဖြတ်တောက်ခံရခြင်း၊ လုပ်ခလစာ ထုတ်မပေးခြင်း၊ အလုပ်ချိန်မတရားခိုင်းစေခြင်း၊ အထည်စံချိန် မတရားတောင်းပြီး ဆဲဆိုကြိမ်းမောင်းခြင်းပါခံနေရခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှာလည်း နေ့စားကြေး ဘတ် ၂၀၀ ပေးမည်ဟု ခေါ်ယူပြီး တကယ်လုပ်အားခရှင်းတဲ့အခါ ဘတ် ၁၈၀ သာ ပေးတာမျိုးတွေ ကြုံတွေ့နေကြရပါတယ်။
ကုန်ဈေးနှုန်း တက်လာပြီး လုပ်ခလစာမတိုးလာတဲ့အပြင် ထိုင်းဥပဒေမှာ ပြဌာန်းထားတဲ့ မဲဆောက်ဒေသတွင်း တရက်လုပ်အားခ(၃၃၂)ဘတ်တောင် မရကြတဲ့အတွက် အလုပ်လုပ်ပြီး ဆင်းရဲသထက်
ဆင်းရဲနေကြရပါတယ်။
မဲဆောက်ဒေသတွင်း မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုကျော်လွှားကြမလဲ၊ ဘယ်လိုပြင်ဆင်ကြမလဲ၊ စုပေါင်းပြီး အဖြေရှာနိုင်ဖို့အတွက် အလုပ်သမားအချင်းချင်းတွေ့ဆုံဆွေးနွေးကြတဲ့ စကားဝိုင်းကို ပြုလုပ်နေကြရတာဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757