အလုပ်ထုတ်ခံရသည့် အလုပ်သမတဦး နစ်နာကြေး ဘတ်ငွေ ၇၅ ,၀၀၀ ပြန်လည်ရရှိ

ရောင်ခြည်ဦး၊ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်

ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ မယ်သောင်ကျေးရွာရှိ အလုပ်သမား( ၂၀၀) ဝန်းကျင်နဲ့  လည်ပတ်နေတဲ့ သိုးမွှေး စက်ရုံမှာ အလုပ်လုပ်နေရင်း အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့  အလုပ်သမတဦးအတွက် လုပ်ငန်းရှင်ထံက ထိုင်းငွေ ၇၅,၀၀၀ ဘတ် နစ်နာကြေး  ပြန်လည်ရရှိခဲ့ပါတယ်။  

သိုးမွှေးစက်ရုံမှာ လုပ်သက်(၃)နှစ်ရှိပြီဖြစ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးဟာ စက်ရုံစာရေး ဖြစ်သူနှင့် အဆောင်ကိစ္စ စကားပြောရာကနေ စကားများပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ စက်ရုံတာဝန်ရှိသူတွေဘက်က ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံရတာဖြစ်ပါတယ်။

အကြောင်းမဲ့အလုပ်ထုတ်ခံရပြီး ဒီဇင်ဘာလ ၁ရက်နေ့မှာတော့  ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ရုံးသို့ လာရောက်ကာ ဥပဒေရေးရာဌာနတာဝန်ခံနှင့် တိုင်ပင်ရာ လုပ်ငန်းရှင်ဘက်က ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်တဲ့အတွက် ဥပဒေကြောင်းအရ နစ်နာကြေးတောင်းခံနိုင်ကြောင်းရှင်းပြ၍  လိုအပ်တဲ့အချက်အလက် များ ပြင်ဆင်ပြီး ဆဝါဒီကန်ရုံး( အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး) ကို  LLC မှတစ်ဆင့် ဆက်လက် တိုင်ကြားပေးခဲ့တယ်လို့သိရပါတယ်။

            ယနေ့ မတ်လ ( ၃) ရက်နေ့မှာတော့ လုပ်ငန်းရှင်မှ ပေးလျော်လာတဲ့ ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်ခနှင့် လုပ်သက်အလိုက်နစ်နာကြေးကို အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအမျိုးသမီးနှင့်အတူ ဆဝါဒီကန်ရုံးသို့ သွားရောက်ထုတ်ယူပေးခဲ့တယ်လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ဥပဒေရေးဌာနတာဝန်ခံရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

Website – https://ycowaburmese.org/

#YaungChiOoWorkersAssociation

#LegalAid

☎ – (+66) 0834117870

Viber – (+66) 0869382757

About the author

Pyea Phyo Kyaw