အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် စကားဝိုင်းပြုလုပ်

ရောင်ခြည်ဦး – မတ်လ ၁၀၊ ၂၀၂၃။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်း ကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ Women Unit က ဦးဆောင်ပြီး ဒေသတွင်း မြန်မာအလုပ်သမားအမျိုးသမီး (၁၅)ဦးနှင့်အတူ မဲဆောက်မြို့ရှိ ရောင်ခြည်ဦးရုံးနေရာမှာ မတ်လ ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အဆိုပါစကားဝိုင်းတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အထည်အလိပ်လုပ်ငန်းအမျိုးသမီးများက လုပ်ခလစာတိုးပေးရန်၊ အလုပ်ချိန်လျှော့ချရန်အတွက် လမ်းမပေါ် ဆန္ဒပြတောင်းဆိုရာမှ ဖြစ်ပေါ်လာသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းပြခဲ့သည်။

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် UN Women က သတ်မှတ်ထားသည့် Theme မှာDigitALL: Innovation and Technology for gender equality ဖြစ်ပြီး အဓိပ္ပာယ်မှာ “ဆန်းသစ်တီထွင်မှုနှင့် နည်းပညာ ကဏ္ဍမှာ အမျိုးသားနှင့် အမျိုးသမီးတန်းတူရှိရေး ”ဖြစ်ပါသည်။ နည်းပညာ များဖွံ့ဖြိုးတိုး တက်လာသည်နှင့်အမျှ နည်းပညာပိုင်းမှာ အမျိုးသမီးများထက် အမျိုးသားများက ပိုမိုသင့်လျော်သည်ဟူသည့် အတွေးအမြင်များဖြင့် Gender ကန့်သတ်ခွဲခြားမှုများ၊ အမျိုးသမီးများ၏ လုပ်နိုင်စွမ်းရည်ကို အသိအမှတ်မပြုမှုများ ပိုမိုကြုံတွေ့ရကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများတွင် အမျိုးသမီးများအနေဖြင့် မိမိတို့၏အခွင့်အရေး၊ မိမိတို့၏ လုပ်နိုင်စွမ်းကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသကြဖို့လိုကြောင်း ဆွေးနွေးသည်။

အမျိုးသမီးများကြုံတွေ့နေရသော အကြမ်းဖက်မှုမျိုးစုံဖြစ်သော(ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ၊ အန္တရာယ်ရှိသော ရိုးရာအစဉ်အလာ၊ နည်းပညာပိုင်းဆိုင်ရာစသည့် အကြမ်းဖက်မှုများကို တက်ရောက်လာကြသော အမျိုးသမီးများက အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

အိမ်တွင်းအကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများအနေဖြင့် အလိုမတူပဲ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင် ရာအကြမ်းဖက်ခံရမှုများကြုံတွေ့ရပါက သက်ဆိုင်ရာသို့ တိုင်ကြားလို့ရနိုင်ကြောင်း ၊ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွင် social media များပေါ်၌ အမျိုးသမီးအများစု၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေကြေးလိမ်လည်တောင်းခံခြင်းများ ကြုံတွေ့ရခြင်း၊ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရ ခြင်းများနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်၏ အမျိုးသမီးများအပေါ် အနေအထိုင် ဆင်ခြင်ရန်၊ အသွားအလာ သတိထားရန်အစရှိသည့် တစ်ဖက်သတ်အတွေးအမြင်များကို အမျိုးသမီးများသည်လည်း အမျိုးသားများနည်း တူ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်၊ အသက်ရှင်သန်ခွင့် ၊ နေထိုင်ခွင့်၊များရှိသည်ဖြစ်ကြောင်း ဆွေးနွေး ကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်သည့် နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး သင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနှင့် မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါသည်။

#YaungChiOoWorkersAssociation

#YCOWA

☎️ – (+66) 0869382757

Viber �� (+66) 086938275

About the author

Ko Zan