ရောင်ခြည်ဦး – ၃၀ စက်တင်ဘာ ၂၀၂၂
မဲဆောက်ဒေသတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမများ ထဲမှ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်လိုသည့်သူများ အတွက် လုပ်ငန်းခွင်တွင်း အဆင်ပြေချောမွေ့စွာ အလုပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မိမိတို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က (စရိတ်ငြိမ်း) အခြေခံစက်ချုပ်သင်တန်းကို (၁၁.၁၀.၂၀၂၂) ရက်နေ့ မှ (၁၆.၁၀.၂၀၂၂)ရက်နေ့အထိ (၆)ရက်ကြာ ပြုလုပ်ပေးမည်ဖြစ်ပါသည်။
သင်တန်းစည်းကမ်းချက်များ . . . .
၁။ သင်တန်းကာလ (၆)ရက်ကို မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရမည်။
၂။ သင်တန်းချိန် နံနက် (၉:၀၀)နာရီ မှ ညနေ (၄:၀၀)နာရီအထိ ဖြစ်သည်။
၃။ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းသို့ မိမိအစီအစဉ်ဖြင့် (အသွားအပြန်) တက်ရောက်နိုင် သူဖြစ်ရမည်။
၄။ သင်တန်းသားအချင်းချင်းကြား ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရမည်။
၅။ သင်တန်းအချိန်အတွင်း ပြင်ပသို့ ထွက်ခွင့်မပြုပါ။
၆။ သင်တန်းချိန်အတွင်း ပြင်ပသို့ထွက်ခွာရန် အကြောင်းကိစ္စများပေါ်ပေါက်လာပါက သင်တန်းမှူးထံခွင့် တိုင်ကြားအသိပေးရမည်။
သင်တန်းသားဦးရေ အကန့်အသတ်ရှိသဖြင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် (၁.၁၀.၂၀၂၂)ရက်နေ့မှ (၈.၁၀.၂၀၂၂) ရက်နေ့အတွင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ Facebook page messenger နှင့် အောက်ဖော်ပြပါ
ဖုန်းနံပါတ် 0873107953 / 0920424255 များကို ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
လေးစားချစ်ကြည်စွာဖြင့်
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 0869382757