ရောင်ခြည်ဦး ဧပြီ ၃၀၊ ၂၀၂၃
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီး၊ မယ့်ခိုကင်းကျေးရွာတွင် တောင်ယာလုပ်သား (၁၀)ဦး၊ တောင်ယာအလုပ်သမ (၁၁)ဦး၊ စုစုပေါင်း (၂၁) ဦးကို (၂၈- ၄-၂၀၂၃) သောကြာနေ့က လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအသိပညာ သင်တန်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ တောင်ယာအလုပ်သမားအများစုသည် လုပ်ခလစာ အပြည့်အဝ မရရှိ၍ လုပ်ငန်းခွင်သုံး အကာအကွယ်ပစ္စည်းများအသုံးမပြုနိုင်ပဲ နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်ရှင်သဘောကျ ဝမ်းစာဖူလုံရေးအတွက် လုပ်ကိုင်စားသောက်ကြရပါတယ်။
တောင်ယာလုပ်ငန်းခွင် ဖြစ်သည့်အတွက် နေပူထဲတွင်အလုပ်လုပ်ရခြင်း၊ မိုးရွာထဲတွင် အလုပ်လုပ်ရခြင်း၊ အဆက်မပြတ် ရေဖျန်းထားသော သခွားခြံထဲတွင် လုပ်ကိုင်ရခြင်းများကြောင့် အပူရှပ်ခြင်း၊ အအေးမိခြင်း စသည့် ဝေဒနာများ မကြာခဏ ကြုံတွေ့ကြရပါတယ်။ ဆေးဖျန်းရာတွင်လည်း အကာအကွယ်ပစ္စည်းများအသုံးမပြုလို့ အရေပြားလောင်ခြင်း၊ ဆေးငွေ့ရှုရှိုက်မိ၍ မူးမော်အော့အန်ခြင်း၊ဆေးငွေ့များကြောင့် မျက်လုံးထိခိုက်၍ အမြင်အာရုံ ဆုံးရှုံးခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ မကြာခဏ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က တောင်ယာအလုပ်သမားများ ရေရှည်အလုပ်လုပ်နိုင်ရေး၊ လုပ်ငန်းခွင်သုံး အကာအကွယ်သုံးပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွတ်စွာ စနစ်တကျ အသုံးပြုတတ်ဖို့နဲ့ အသုံးပြုကြဖို့ကို ရည်ရွယ်၍ လုပ်ငန်းခွင်တွင် ကျရောက်တတ်သော အန္တရာယ်အမျိုးအစားများနှင့် အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ မေးခွန်းများနှင့်အတူ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး အဓိပ္ပာယ်၊ လုပ်ငန်းခွင်သုံးအကာအကွယ် ပစ္စည်းများအသုံးပြုပုံ၊ အသုံးဝင်ပုံ စသည့် အချက်အလက်များအသေးစိတ်ကို တောင်ယာအလုပ်သမားများနှင့်အတူ သင်တန်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
– (+66) 0869382757
Viber �� (+66) 086938275