ရောင်ခြည်ဦး (၃၁ မေလ ၂၀၂၃)
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ဦးဆောင်ပြီး ရွှေ့ပြောင်းတောင်ယာအလုပ်သမများထဲမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးနို့တိုက်မိခင်များ (၂၃) ဦးနှင့် အတူ ၂၈-၅-၂၀၂၃ ( တနင်္ဂနွေနေ့) မှာအလုပ်သမားများနေထိုင်ရာ မယ်သောင်သိုက်ကျေးရွာ ၌ စကားဝိုင်းကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာအလုပ်သမများအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းအခက်အခဲတွေက ဘာတွေ ကြုံတွေ့ခဲ့ရသလဲ၊ ကျန်းမာရေးအပါအဝင် စားဝတ်နေရေး လုံခြုံရေးအတွက် ဘယ်လိုရုန်းကန် ဖြတ်ကျော်ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သလဲ၊ ကျန်းကျန်းမာမာနဲ့ ကလေးမွေးဖွားနိုင်ဖို့ ဘယ်လို စီစဉ်ခဲ့သလဲ၊ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေ အနာဂတ်အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သလဲအပါအဝင် ကိုယ်ဝန်ဆောင်စဉ်ကာလ အလုပ်လုပ်ကိုင်ရတဲ့အခြေအနေနဲ့ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ခံစားပိုင်ခွင့်တွေကို သိရှိနားလည်စေဖို့ အပြန်အလှန်ဆွေးနွေးခဲ့ကြတာပဲဖြစ်ပါတယ်။
အမိမြေဖြစ်တဲ့ မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးခြင်းကြောင့်၊ စားဝတ်နေရေးကျပ်တည်းခြင်းများ ရင်ဆိုင်ခဲ့ရပြီး၊ စားဝတ်နေရေးဖြေရှင်းရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ရောက်ရှိလာကြရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာလည်း လတ်တလောကာလ အလုပ်အကိုင်ရှားပါးခြင်း ပြဿနာများ ထပ်မံ ကြုံတွေ့ ကြရပြန်ပါတယ်။ အထောက်အထားလက်မှတ်ခဈေးကြီးလို့ မလုပ်နိုင်ဘဲ ပုလိပ်ကတ်နှင့်သာ နေထိုင်ကြရပါတယ်။
စားဝတ်နေရေးက တစ်ကြောင်း၊ လုံခြုံရေးကတစ်ကြောင်းနှင့်မြန်မာပြည်နှင့်မခြား အခက်အခဲ ပြဿနာများကို နေ့စဉ်နှင့်အမျှရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိလဲ၊ကလေးမွေးဖွားရင် ဘယ်လိုကြုံတွေ့ကြရပြီး ဘယ်လိုဖြေရှင်းကြလဲ၊ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ စတဲ့ဆွေးနွေးချက်တွေနှင့်အတူ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အခက်အခဲများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးဖလှယ်ကြပြီး ဘယ်လိုကျော်ဖြတ်ကြမလဲ၊ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စကားဝိုင်းကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
– (+66) 0869382757
Viber �� (+66) 086938275
See translation