ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ စစ်ဘေးရှောင်များအတွက် စားရေရိက္ခာများ သယ်ယူ လှူဒါန်းပေး

ရောင်ခြည်ဦး၊ ၂၉ ဒီဇင်ဘာလ ၂၀၂၂

အလှူရှင်များရဲ့ စားရေရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တဖက်ကမ်း မြန်မာပြည်ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒီကနေ့ မနက်ပိုင်းမှာ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က သယ်ယူပို့ဆောင် လှူဒါန်းပေးခဲ့ပါတယ်။

ဒီကနေ့မနက်အတွက် အစားအသောက်အလှူကို ချန်ပီယံ စက်ရုံ အလုပ်သမား ညီအစ်ကိုမောင်နှများက ထမင်းဗူး (၁၅၀)ထုပ်၊ အနွေးထည် လက်အိတ် (လက်မောင်းရင်းထိအရှည် ) အစုံ (၃၀၀)၊ ဓါတ်ဆားထုတ် (၅၀၀)နဲ့ ပေါင်မုန့်ချောင်းများကို လှူဒါန်းခဲ့တာပါ။ အလားတူ ကိုဆန်းမင်း မိသားစုကလည်း စောင် (၂၇)ထည်၊ အဝတ်အစားများ ပီနံအိတ်တလုံးနဲ့ ဖုန်းအားသွင်း ဆက်သွယ်နိုင်ရေး ပါဝါဘန့် (၁)လုံးကို လိုအပ်နေတဲ့ မြန်မာပြည်သားစစ်ဘေးရှောင်များအတွက် လှူဒါန်းခဲ့ တာဖြစ်ပါတယ်။

စားရေရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်များကို လိုအပ်မှုရှိနေတဲ့ စစ်ဘေးရှောင် နေရာတွေကို သွားရောက် လှူဒါန်းနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး အစီအစဉ်များကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် လုပ်အားဒါနပြု ကူညီ ဆောင်ရွက်နေပါတယ်။

(English)

Yaung Chi Oo Workers’ Association delivered the food supplies donated for the refugees

Yaung Chi Oo – 28th December, 2021

This morning, Yaung Chi Oo Workers’ Association delivered the donated food and necessary supplies to the refugees who are taking shelters at the bank of Thaung Yin River on Myanmar side.

Workers from Champion Factory donated 150 lunch boxes, 300 pairs of warm clothes and long sleeve gloves, 500 sachets of Oral Rehydration Salts and breads for the refugees this morning. For the refugees in need, Ko San Min family also donated 27 blankets, a bag of clothes and one power bank to recharge the phone for communication.

Yaung Chi Oo Workers’ Association is volunteering for transportation process of the required clothes, medicines, food and water supplies for the refugees.

#YaungChiOoWorkersAssociation

☎️ – (+66) 0869382757

Viber 💬 (+66) 0869382757

About the author

Ko Zan