ရောင်ခြည်ဦး ၃၀ ဒီဇင်ဘာ ၂၀၂၁
မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများက ပေးပို့လာတဲ့ ဆန်၊ မာမား၊ ဘာလချောင်ကြော်၊ နို့ဗူး အပါအဝင် စားရေရိက္ခာနဲ့ မိုးကာစ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်း ဟိုင်းလတ်ကား (၂)စီးစာကို မယ့်ခိုကင်းကျေးရွာက စစ်ဘေးရှောင်များအတွက် စားသောက်ရေး စီစဉ်ချက်ပြုတ်နေတဲ့ မြန်မာရွာလူကြီးအဖွဲ့ထံ ဒီဇင်ဘာလ (၃၀) ရက်နေ့ မနက်ပိုင်းမှာပဲ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က သယ်ယူပေးပို့ လှူဒါန်းခဲ့ပါတယ်။
အဆိုပါ အလှူပစ္စည်းများကို မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီ (ထိုင်းနိုင်ငံ) ရဲ့အဖွဲ့ဝင်အဖွဲ့အစည်း တွေဖြစ်ကြတဲ့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)၊ ချွန်ပူရီ အခြေစိုက်မြန်မာရွှေ့ပြောင်းလုပ်သားစင်တာ (MMWC) ဘန်ကောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလှူဒါန်းတဲ့ ပစ္စည်းများကို လက်ခံကာ ထိုင်း- မြန်မာနယ်စပ် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင် အဖွဲ့အစည်းဖြစ်တဲ့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ကတဆင့်ပေးပို့လှူဒါန်းမှုပြုခဲ့တာဖြစ်ပါတယ်။