ဒေသတွင်း လူထုအခြေပြုခေါင်းဆောင်များ မွေးထုတ်သည့် သင်တန်းပြုလုပ်

ရောင်ခြည်ဦး – ၂၆ ဒီဇင်ဘာ၊ ၂၀၂၂

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် မဲဆောက်ဒေသတွင်း ခေါင်းဆောင်တွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းတရပ်ကို ဒီဇင်ဘာလ ၂၄ရက်နေ့က စတင်ပြီး (၂)ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်တန်းမှာ မဲဆောက်ဒေသတွင်းက မြန်မာအလုပ်သမား (၁၅)ဦး တက်ရောက်ခဲ့တာဖြစ်ပြီး အမျိုးသမီး (၁၂)ဦး၊ အမျိုးသား (၃)ဦး ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ရက်ကြာ သင်တန်းကာလအတွင်း ခေါင်းဆောင်ဆိုတဲ့အဓိပ္ပါယ်နဲ့ ခေါင်းဆောင်ကောင်း တဦးဖြစ်အောင် ဘယ်လိုတည်ဆောက်ရတယ်၊ ခေါင်းဆောင်မှုပုံစံအပါအဝင် နားထောင်မှုစွမ်းရည် ဆက်သွယ်ပြောဆိုတဲ့စွမ်းရည်နဲ့ ထိုင်းအလုပ်သမားဆက်ဆံရေးဥပဒေ၊ ဥပဒေကြောင်းအရ တိုင်ကြားခြင်းနည်းစနစ်၊ အလုပ်သမားအမှုတွေကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတွေကို ဆွေးနွေးပို့ချပေးခဲ့သလို၊ အစုအဖွဲ့နဲ့အလုပ်လုပ်ဖို့ နည်းလမ်းများ၊ အောင်မြင်သောအဖွဲ့အစည်း ဖြစ်လာစေဖို့ လုပ်ဆောင်သင့်တဲ့အချက်များအပါအဝင် အဖွဲ့အစည်းအမျိုးအစားများနဲ့ အလုပ်သမား သမဂ္ဂတွေအကြောင်းကိုလည်း ဆွေးနွေးပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

သင်တန်းသူအမျိုးသမီးက “ဒီလိုသင်တန်းမျိုးတွေ တက်ရောက်ခွင့်ရတဲ့အတွက် ကျမတို့ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်တွင်းက ပြဿနာတွေကို ဘယ်လိုဦးဆောင်မှုပေးပြီး ဖြေရှင်းဆောင်ရွက်ရမလဲဆိုတာ နားလည်လာသလို အလုပ်သမားအရေးတွေကို ရောင်ခြည်ဦးနဲ့ ချိတ်ဆက်ကူညီပေးနိုင်တဲ့ လမ်းကြောင်းကိုလည်း မြင်လာတဲ့အတွက် ဒီသင်တန်းကအကျိုးရှိတယ်” လို့ပြောချင်ပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လိင်နဲ့လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂ ပညာရေး၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းတွေအပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေး သင်တန်း၊ ထိုင်းအလုပ်သမားဥပဒေနဲ့ မူဝါဒဆိုင်ရာ သိကောင်းစရာတွေကိုလည်း သင်တန်းပြုလုပ်ပေးလျက်ရှိပါတယ်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့

#YaungChiOoWorkersAssociation

#CommunityLeadershipTraining

#TradeUnionTraining

#YCOWA

☎ – (+66) 0869382757

Viber �� (+66) 0869382757

About the author

Ko Zan