တော်လှန်သီတင်းကျွတ်

အောက်တိုဘာလ ၂၉ ရက်နေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ် ဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့၊ ထိုသို့ ဆင်းသက် ကြွမြန်းလာသည်ကို ရည်စူးကာ ဘုရားရှင်ကို ပူဇော်သည့်အနေဖြင့် မီးများထွန်းကာ မြင်းမိုရ်ပွဲ ကျင်းပခြင်းဖြစ်သည်။

မြတ်စွာဘရားရှင်ရဲ့ လူ့ပြည်သို့ဆင်းသက်တော်မူသောနေ့၊ အဘိဓမ္မာအခါတော်နေ့၊ ရဟန်းတော်များ ပဝါရဏပြုကြသောနေ့၊ ဗြဟ္မာ နတ် လူ အတူတကွ ဘုရားရှင်ကို ပူဇော်သောနေ့၊ စကြာဝဠာတဝှမ်းလုံး တိုးလျှို ပေါက်မြင် ကြသောနေ့ စသည်ဖြင့် မှတ်သားမိပါတယ်။

ဒါပေမယ့် ကျနော်တို့မြန်မာပြည်သားတွေအတွက်တော့ နေ့တနေ့ ထပ်တိုးလာပါတယ်။ အာဏာရှင် လက်အောက်က မလွတ်မြောက်မချင်း ဝါလကင်းလွတ် သတင်းကျွတ်ဟာ အဓမ္မကို တော်လှန်တဲ့ တော်လှန်မီးထွန်းပွဲအဖြစ် မြတ်စွာဘုရားရှင်ကို ရည်စူး မီးပူဇော်ရင် အဓမ္မကို တော်လှန်ပစ်မယ့် ဗြဟ္မာ နတ် လူ သုံးပုံသူတို့ရဲ့ တော်လှန် သီတင်းကျွတ်မီးထွန်းပွဲပဲဖြစ်ပါတော့တယ်။

#တော်လှန်ရင်းသီတင်းကျွတ်ကြ

#ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြ

About the author

Admin