စစ်ပွဲခရီး – မိုးကိုနှင်း (ကဗျာ)

မြို့ပြကိုငေးကြည့်လိုက်တော့

စစ်ပွဲထဲခင်ဗျား ကိုယ်တိုင်ရောက်နေလိမ့်မယ်

ဘယ်ဘက်က ရပ်မှာလဲ . . .

ပြတ်ပြတ်သားသား ရပ်တည်ဖို့လိုတယ်။

ခင်ဗျား စစ်ပွဲထဲ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ

စစ်ခွေးတွေအထိနာရင်

ခင်ဗျားအိမ်ဖြစ်ဖြစ်

ဘယ်သူ့အိမ်ဖြစ်ဖြစ် မီးရှို့ကြလိမ့်မယ်။

ဒလန်သတင်းပေးက ပြောလို့ပဲဖြစ်ဖြစ် မပြောလို့ပဲဖြစ်ဖြစ်

သူတို့ စိတ်မထင်ရင် မထင်သလို

ဖမ်းဆီးပြီး စွပ်စွဲ သတ် ဖျက် ကြ လိမ့်မယ်။

ရာသီကလည်း ပူတယ် တိုင်ပြည်ကလည်းပူတယ်

ရေဆူအမှတ်အလွန် ငရဲကို လက်တွဲပြီးဖြတ်ကျော်

မသူတော်တွေ ဟစ်အော်

မတရားမှုကို ပျော်ပျော်ကြီး အသုံးတော်ခံနေတဲ့

လူ့တိရစ္ဆာန်တွေ ပျောက်သွားအောင် ဆော်ကြရလိမ့်မယ်။

အဲဒီတော့ စစ်ပွဲက

ခင်ဗျားတို့ ကျုပ်တို့ ကြိုက် ကြိုက် မကြိုက်ကြိုက်

ဆိုက်ဆိုက်မြိုက်မြိုက်လာနေပြီ . . .။

နှစ်ပေါင်း ၇၀ ကျာ် ပြည်တွင်းစစ်ကို ဖန်တီးတဲ့သူတွေကပဲ

အခု မြို့ပြ စစ်ပွဲကို ဖန်တီးကြ

အနာဂါတ်တွေက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာကို

ခေါင်းကိုမှန်အောင် သေနတ်နဲ့ပစ်သတ်ပြတော့

သေနတ်နဲ့ ပြန်ခုခံဖို့ အကြောင်းဖန်လာတယ်။

အကျိုးကတော့ နိုင်ငံအနှံ့ ယမ်းနံ့ဝေတယ်

မိဝေး ဖဝေး မိမရှိ ဖမရှိ လင်မရှိ မယားမဲ့

သားပဲ့ သမီးမဲ့ စောက်ကျိုးနဲ အဖြစ်အပျက်တွေ

နေ့စဉ်နေ့တိုင်း သမိုင်းရိုင်းတွေထပ်ထပ်လာတယ်။

တောင်လှန်သူအပေါင်း

ကြံရေဖန်ရေကောင်းတော့ တူမီးကနေ

မောင်းပြန်သေနတ်တွေ မိုင်းတွေထောင်ကြ

ထောင်းလမောင်းကြေမွ ကျေးရွာတွေ

အဲဒီရွာသားတွေရဲ့ တုန့်ပြန်မှုက

စစ်ကို စစ်နဲ့တူအောင် တိုက်လာကြတယ်။

မြို့ပြပျောက်ကျားအဖွဲ့တွေက

ပျောက်ကျားအတတ်နဲ့ပြန်ခုခံကြတယ်

ရှောင်ပြေးလို့မရတော့တဲ့အခြေအနေမှာ

ရန်သူ ဖမ်းဆီးသတ်ဖျက်တာကို ခံမလား

ခုခံရင်း အကြွေးတောင်းကြမလား

အနားကို တိုးတိုးကပ်လာတဲ့ စစ်ပွဲမှာ . . .

လက်ဗလာနဲ့တော့ အချည်းနှီး မဖြစ်စေရအောင်

ဆောင်ရွက်ခွင့်ရသူများကလည်း ဆောင်ရွက်ကြ

နောင်မှာ ကစင့်ကလျားမဖြစ်ရအောင်

စနစ်တကျနဲ့ ကိုယ့် လုံလေးလုံကို သတိရှိ

ပိပိရိရိ ပြင်ဆင်ပြီး တိုက်ပွဲဝင်

အောင်မြင်မယ့်ခရီးမို့

တို့အတူတူ ခရီးနှင်းကြရတာပ။

_မိုးကိုနှင်း ဧပြီလ . ၂၉. ၂၀၂၂

#Photo

No photo description available.

See insights

Boost a post

All reactions:

66

About the author

Pyea Phyo Kyaw